အားငယ်သူ အားပေးပါ

Tuesday, July 22, 2008

ယုံကြည်စေချင်တယ်

မ ယုံရဲ့လား ?
ပေါ့ပျက်ပျက် ရယ်သွမ်းသွေး

လောကကြီးကို အရေးမထားတဲ့

ကောင်လေးရဲ့ ရင်ထဲ့မှာ

အတွက် လေးနက်ခြင်းတွေရှိတယ်


မ သိရဲ့လား ?

မထီမဲ့မြင်နဲ့ လောကကြီးအတွက် ကဗျာမဆန်တဲ့

ကောင်လေးရဲ့ရင်ထဲမှာ

မ အတွက် နူးညံ့တဲ့ သံယောဇဉ်တွေရှိတယ်


မ ထင်ရဲ့လား ?

ပြောင်စပ်စပ်မျက်နာနဲ့ ပျော်ရွှင်ခြင်းသာရှိတဲ့

ကောင်လေးရဲ့ ရင်ထဲမှာ

မ အတွက် လွမ်းဆွတ်ခြင်းဆိုတာတွေ ပြည့်နှက်နေတယ်


မ မြင်နိုင်ရဲ့လား ?

ချစ်သူအပေါ်ကို အလိုက်မသိတက်ဘူးထင်ခဲ့တဲ့

ကောင်လေးတစ်ယောက်ရဲ့ ရင်ထဲမှာ

မ အတွက် အလိုက်သိမှုတွေ အပြည့်ရှိတယ်


မ သိထားစေချင်တယ်

လွတ်လပ်ပွင့်လင်း ဟန်ဆောင်ခြင်းကင်းတဲ့

ကောင်လေးရဲ့ ရင်ထဲမှာ
ပြင်းထန်တဲ့ မာနတွေရှိတယ် ရန်လင်းအောင်

0 စာဖတ်သူက ဆိုတယ်: