ပေါ့ပျက်ပျက် အတွေးတစ်စနဲ့
ရှုပ်ပွနေတဲ့ ငါ့အခန်းထဲမှာ
အဓိပ္ပါယ်ရယ် နထ္ထိ
ရပ်ကြည့်ဖို့တောင် မကောင်းတဲ့
ပန်းချီကား တစ်ချပ်ရယ်…
အပြင်းပြေအောင် လဲလျောင်း
စောင်းငန်း ဖိတ်စင်နေတဲ့
ဘီယာပုလင်း တွေရယ်…
သံစဉ်တွေ ကြိုးပြတ်
အိုးအက်နေတဲ့ ဂီတာတစ်လုံးရယ်…
အဖြူနဲ့ အမဲ
သဲကွဲအောင်တောင် မမြင်ရတော့တဲ့
ချစ်ခဲ့ ဖူးသူရဲ့ ဓါတ်ပုံရယ်…
အဖော်မဲ့လို့ ငူငူငိုင်
ထူထူထေါင်ထေါင်တောင် မရှိတော့တဲ့ ငါရယ်…
တိတ်ဆိတ်မှုခြင်း ပြိုင်နေကြတယ်… ♥ရဲနိုင်
» မူလသို့ | » ကဗျာ | » ဟိုဟို ဒီဒီ | » ဟာသ |
Friday, February 8, 2008
ငြိမ်သက်နေတဲ့ ငါ့အခန်း
Subscribe to:
Post Comments (Atom)
1 စာဖတ်သူက ဆိုတယ်:
ရောဂါ ဝေဒနာ တော်တော် ခံစားနေရတယ်ထင်ပ :P
Post a Comment