အလွမ်းတွေရယ်
ခဏတာလေးနဲ့ ငြိမ်းသွားပါလား?
ကောက်ရိုးမီးလိုပေါ့။
သတိရစိတ်တွေကလည်း
ထပ်တူကျနေလိုက်တာ
ငါ့ ရင်ခုန်သံတွေနဲ့ ယှဉ်လို့
အမြင်တောင်ကတ်တယ်။
အခုတော့
စစ်သူကြီးတွေတောင် လက်ပန်းကျကုန်ပီ
သတိရစိတ်တွေကို နှိမ်နှင်းရလွန်းလို့
ဟော့ဒီ ဗလာနန်းတော်မှာ။
မှတ်ချက်။ ။စာဖတ်သူ ဆဒ္ဒအတိုင်း ကဗျာခေါင်းစဉ် သတ်မှတ်နိုင်သည်။ :P ♥ မဏ္ဍိုင်
6 စာဖတ်သူက ဆိုတယ်:
ရှို့မီးလို့ ပေးလိုက်လေ အစ်ကို...ဟီးဟီး
သတိရစိတ်ကိုတော့ ကိုယ်ဖာသာကိုယ် နိုင်အောင် နှိမ်နင်းပါ
အစ်ကိုရ ။ ကောင်းတယ်ဗျ ခေါင်းစဉ်မရှိတာလေးတစ်ခုပဲ။
:D
ဖေါက်ပြန်သောစိတ်... :Dလို့ပေးလိုက်..ဟိ
ကိုစောမဏ္ဍိုင်ကြီး၇ူးသွားပြီ..ဟိ
မောင်လေး
ကဗျာလေးလာဖတ်သွားတယ်.
ခေါင်းစဉ်တာ့ပေးတတ်ဘူး..
ခေါင်းစဉ်မရှိတောကဗျာလို့
ပေးလိုက်ပေါ့နော်..
ဟီးဟီး။။
ကဗျာလေးကတိုတိုလေးနဲ့
ကောင်းတယ်..
မီးငယ်ကပြောတယ် .. ဖောက်ပြန်သောစိတ်တဲ့ ... အရူးလို့ပဲ ပေးလိုက်ပါကွာ ...:P
Nice for your blog
Http://bk8login.asia
Http://hoki88.shop
Http://vodkapoker.one
Http://momo4d.bid
Post a Comment