အားငယ်သူ အားပေးပါ

Tuesday, October 7, 2008

.......

အလွမ်းတွေရယ်

ခဏတာလေးနဲ့ ငြိမ်းသွားပါလား?

ကောက်ရိုးမီးလိုပေါ့။

သတိရစိတ်တွေကလည်း

ထပ်တူကျနေလိုက်တာ

ငါ့ ရင်ခုန်သံတွေနဲ့ ယှဉ်လို့

အမြင်တောင်ကတ်တယ်။

အခုတော့

စစ်သူကြီးတွေတောင် လက်ပန်းကျကုန်ပီ

သတိရစိတ်တွေကို နှိမ်နှင်းရလွန်းလို့

ဟော့ဒီ ဗလာနန်းတော်မှာ။

မှတ်ချက်။ ။စာဖတ်သူ ဆဒ္ဒအတိုင်း ကဗျာခေါင်းစဉ် သတ်မှတ်နိုင်သည်။ :P ♥ မဏ္ဍိုင်

အပြည့်အစုံသို့

Monday, September 29, 2008

Future

ဘာကြီးလည်းကွာ

ဆုပ်ကိုင်ထားရတာ လေးလံလိုက်တာ

ဖြစ်နိုင်ခဲ့ရင် ၀ဲ ပစ်ပါရဲ့

အဲဒီ မျှော်လင့်ချက်တွေနဲ့

ဒိုက်ပုံကြီးကို

တစ်ခါတစ်လေ

အသက်ရှုတောင်ကြပ်တယ်

ရင်ခွင်ပိုက် ထွေးပွေ့ရလွန်းလို့။ ♥ မဏ္ဍိုင်

အပြည့်အစုံသို့

Friday, September 19, 2008

blank









မှတ်ချက်။ ။ပညာရှိများသာ တွေ့လတ္တံ့ :P

အပြည့်အစုံသို့

Wednesday, July 30, 2008


ဇူလိုင်လ (၁၆) ရက်နေ့ ၊ မော်စကိုမြို့MSU (Moscow State University) ကျောင်း ကျောင်းသားဆောင်မှာ အမှတ်တရ ဆုံတွေ့ဖြစ်ခဲ့ကြပါတယ်။ အဲဒီ တွေ့ဆုံပွဲမှာ ကျွန်တော်တို့ သူငယ်ချင်းတွေဟာ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် အကြံပေး ဆွေးနွေးခဲ့ကြပြီး ၂၀၀၈ ၊ ဧပြီလ ၄ ရက် ( သင်္ကြန် အကျနေ့ ) က အကြမ်းဖျဉ်း ရည်ရွယ်ထားခဲ့တဲ့ ကျွန်တော်တို့ရဲ့ အမှတ်တရ Website တစ်ခုလုပ်မယ့် ကိစ္စကို အတည်ပြုခဲ့ကြပါတယ်။ Website မှာပါမယ့် ကဏ္ဍတွေမှာ တာဝန်ယူနိုင်ကြမယ့် အပိုင်းတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

နောက်တစ်နေ့ ( ၁၇ ဇူလိုင် ၂၀၀၈ ရက်နေ့ ) ဟာ ၀ါဆိုလပြည့်နေ့ ဖြစ်တဲ့အား လျော်စွာ ကျွန်တော်တို့ သူငယ်ချင်း Blogger တစ်စုဟာ MSU ကျောင်း ဘုရား ခန်းမှာ ဓမ္မစင်္ကြာတရားတော်ကို ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး အခုလို နေ့ထူးနေ့မြတ်မှာ ကျွန်တော်တို့ ချစ်တဲ့ မြန်မာ ပြည်သူပြည်သားအပါင်း ကိုယ်၏ချမ်းသာခြင်း (သုခိနောဝ) စိတ်၏ ချမ်းသာခြင်း (ခေမိနောဝ) အပေါင်းနှင့် ပြည့်စုံပြီး ဘေးရန် အပေါင်းက ကင်းဝေးပါစေကြောင်း ဆုမွန်ကောင်း တောင်း ခဲ့ကြပါတယ်။ နေ့ လည်ခင်းမှာတော့ အမှတ်တရ ခရီးအဖြစ် ( Коломенский Парк) ပန်းခြံနဲ့ ဟိုချီမင်း ရင်ပြင်တို့ကို သွားရောက် လည်ပတ်ခဲ့ကြပါတယ်။

ကျွန်တော်တို့ သူငယ်ချင်းတစ်စုရဲ့ တွေ့ဆုံပွဲကို နိုင်ငံအသီးသီးမှာ ရှိကြတဲ့ ကျွန် တော်တို့ရဲ့ Blogger ညီ ၊ အစ်ကို ၊ မောင် ၊ နှမများအားလုံး သိရှိစေဖို့ ၀မ်းသာ စရာ သတင်းကောင်းတစ်ခုအနေနဲ့ ဖော်ပြပေးလိုက်ပါတယ် ခင်ဗျာ။ ကျွန်တော် တို့ရဲ့ တွေ့ဆုံပွဲလို နိုင်ငံအသီး သီးမှာရှိကြတဲ့ Blogger ညီအစ်ကို ၊ မောင် နှမများလည်း ပျော်ပျော်ရွှင်ရွှင် စည်းစည်းလုံးလုံးနဲ့ ဆုံတွေ့နိုင်ကြပါစေလို့ ကျွန်တော်တို့ သူငယ်ချင်း Blogger တစ်စုက ဆန္ဒပြုလိုက်ပါ တယ်ခင်ဗျာ။ Blogger များ အားလုံးနဲ့ Blog စာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ …….
…. ဓမ္မစင်္ကြာတရားတော် ရွတ်ဖတ်ပူဇော်နေစဉ် ….

……. ဆွေးနွေးပွဲနှင့် အမှတ်တရ ခရီး …….


မှတ်ချက် ။ ။ အကြောင်းကြောင်းကြောင့် လူကိုယ်တိုင်မလာနိုင်ပဲ G-talk ၊ Phone များနဲ့ ဆွေးနွေးခဲ့ကြတဲ့ Blogger တစ်ချို့ကိုလည်း ဆွေးနွေးပွဲမှာ ပါဝင်သူအဖြစ် အားလုံးကို ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။ smile

ကိုရင်ညိန်းတင့်ထူးရွှေနတ်သျှင်နောင်Black Dreamမောင်ကောင်းအောင် ၊ လွမ်းလုင် ၊ မျှားပြာရွှေရောင်ကောင်းကင်လင်းထွန်းလွမ်းသုခရတ်မွန်နေချိုအေးဝဿန်ဦး ၊ မောင်နိုင် ၊ မီးပြတိုက် ၊ ဇွတ်ဆိုးလေး ၊ 4Everထိပေ့ သျှင် ၊ ကိုစွမ်းကိုအောင်ညိမ်းညို ဖြိုးငယ်အောင်ဦးနန်းထိုက်ဝင်းမင်း ဝေတင်နွယ်မောင် သုခရိပ်မင်းကျန်စစ်အလွမ်းရောင်စောမဏ္ဍိုင်အညာသားလေးမောင်ငယ်မောင်သုညလွမ်းစေ (မြန်မာပြည်)

အပြည့်အစုံသို့

Tuesday, July 22, 2008

လပြည့်ည

တကယ်ပါ
ဖြစ်နိုင်မယ်ဆိုရင် ခုနေချိန်မှာ
ငှက်တစ်ကောင်အသွင် ငါဖြစ်ချင်ရဲ.
တောင်ပံတွေကို အသုံးချ
ငါ့ရဲ. ဦးတည်ရာ အရင်က
မင်းဆီကိုပါ……။

ဒါမှမဟုတ်
လမင်းနှင့် ငါနှစ်ကိုယ်ကြား
တီတိုး မှာကြားချင်ရဲ့
မင်း ရွှင်လန်းပါစေ။

ငါ လွမ်းနေတာမင်းသိရဲ.လား
ငါ့ ကိုမှလွမ်းရဲ.လား
မင်းဆီက အပြန်စကားကို
လမင်းက တဆင့် ငါသိချင်လိုက်တာ။

တကယ်တမ်းကျတော့
သာနေတဲ. လပြည့်ညရဲ.အောက်မှာ
ငါတစ်ယောက်တည်းပါ
စိတ်ကူးတွေနဲ. အိပ်မောကျ
မနက်ဖြန် ငါနိုးထတဲ.အချိန်မှာ
အသေချာဆုံးကတော့
မေ့မရတဲ. အတိတ် တွေနဲ.အတူ
မင်းကို ငါ တမ်းတနေဦးမှာပါ။ သူငယ်ချင်း

အပြည့်အစုံသို့

ယုံကြည်စေချင်တယ်

မ ယုံရဲ့လား ?
ပေါ့ပျက်ပျက် ရယ်သွမ်းသွေး

လောကကြီးကို အရေးမထားတဲ့

ကောင်လေးရဲ့ ရင်ထဲ့မှာ

အတွက် လေးနက်ခြင်းတွေရှိတယ်


မ သိရဲ့လား ?

မထီမဲ့မြင်နဲ့ လောကကြီးအတွက် ကဗျာမဆန်တဲ့

ကောင်လေးရဲ့ရင်ထဲမှာ

မ အတွက် နူးညံ့တဲ့ သံယောဇဉ်တွေရှိတယ်


မ ထင်ရဲ့လား ?

ပြောင်စပ်စပ်မျက်နာနဲ့ ပျော်ရွှင်ခြင်းသာရှိတဲ့

ကောင်လေးရဲ့ ရင်ထဲမှာ

မ အတွက် လွမ်းဆွတ်ခြင်းဆိုတာတွေ ပြည့်နှက်နေတယ်


မ မြင်နိုင်ရဲ့လား ?

ချစ်သူအပေါ်ကို အလိုက်မသိတက်ဘူးထင်ခဲ့တဲ့

ကောင်လေးတစ်ယောက်ရဲ့ ရင်ထဲမှာ

မ အတွက် အလိုက်သိမှုတွေ အပြည့်ရှိတယ်


မ သိထားစေချင်တယ်

လွတ်လပ်ပွင့်လင်း ဟန်ဆောင်ခြင်းကင်းတဲ့

ကောင်လေးရဲ့ ရင်ထဲမှာ
ပြင်းထန်တဲ့ မာနတွေရှိတယ် ရန်လင်းအောင်

အပြည့်အစုံသို့

ဝိဥာဉ်မဲ့ ချစ်ခြင်း

ပေးဆပ်ခြင်းဟာ ရယူခြင်းအတွက်ဆိုရင်

အပြန်ချစ်ခြင်းတစ်ခုကို ငါရသင့်တယ်

လိုက်လျောမှုဘာသာရပ်ထဲမှာ

ငါ့မာနတွေ ဒဏ်ရာရခဲ့တာ

ဖြစ်ရပ်မှန်တစ်ခုရယ်ပါ

ရှိပါစေတော့ရယ်လို့

အခါခါမျိုသိပ်နေပေမယ့်

ပုပ်ပွနေတဲ့ ငါ့နာကျည်းမှုတွေက

ပုရွက်ဆိတ်တစ်ကောင်လို

ငါ့အသိစိတ်ကို ထိုးထိုးကိုက်နေပြန်တယ်

မခက်ဘူးလား…

ကိုယ်ပေးသလောက် ပြန်မရတာ အချစ်တဲ့… ရန်လင်းအောင်

အပြည့်အစုံသို့