အားငယ်သူ အားပေးပါ

Friday, February 8, 2008

ရင်ထဲက ဆန္ဒ

ကောင်မလေးရယ်
မင်းအပြုံးတွေကို တမ်းတ
မှန်းဆလို့တွေး
လွမ်းရတဲ့ တေးတွေကိုသီကုံး
မင်းကတော့ ရယ်အုံးမှာပါ
ကျေးဇူးပြုပြီး တစ်ခုလောက်ပြောပါရစေ
မင်းရဲ့အပြုံးများကို
အရှုံးများ ခံစားနေရတဲ့
ငါဆီမှာ မထားခဲ့ပါနဲ့
မင်းနဲ့တစ်ပါတည်း ယူသွားပေးပါ
ငါလွမ်းတေးတွေ မဆိုချင်တော့ဘူး
ကျေးဇူးတင်စကားကိုတော့
ငါ့ကိုယ်စား သက်တန့်ကြီးက
ဦးညွတ်လို့ ပြောပြပါလိမ့်မယ်…

♥ ရဲနိုင်

အပြည့်အစုံသို့

ငြိမ်သက်နေတဲ့ ငါ့အခန်း

ပေါ့ပျက်ပျက် အတွေးတစ်စနဲ့
ရှုပ်ပွနေတဲ့ ငါ့အခန်းထဲမှာ
အဓိပ္ပါယ်ရယ် နထ္ထိ
ရပ်ကြည့်ဖို့တောင် မကောင်းတဲ့
ပန်းချီကား တစ်ချပ်ရယ်…
အပြင်းပြေအောင် လဲလျောင်း
စောင်းငန်း ဖိတ်စင်နေတဲ့
ဘီယာပုလင်း တွေရယ်…
သံစဉ်တွေ ကြိုးပြတ်
အိုးအက်နေတဲ့ ဂီတာတစ်လုံးရယ်…
အဖြူနဲ့ အမဲ
သဲကွဲအောင်တောင် မမြင်ရတော့တဲ့
ချစ်ခဲ့ ဖူးသူရဲ့ ဓါတ်ပုံရယ်…
အဖော်မဲ့လို့ ငူငူငိုင်
ထူထူထေါင်ထေါင်တောင် မရှိတော့တဲ့ ငါရယ်…
တိတ်ဆိတ်မှုခြင်း ပြိုင်နေကြတယ်… ♥ရဲနိုင်

အပြည့်အစုံသို့

Thursday, February 7, 2008

နာမည်လေးကို ဘာလို့ ဒီလိုပေးရလဲဆိုရင်

သူငယ်ချင်းတွေကို ကျွန်တော် ပေးထားတဲ့ နာမည်လေးနဲ့ ပါတ်သတ်ပြီး နည်းနည်း လောက် ပြောပြပါအုံးမယ်... ကျွန်တော် ဘာလို့ ဒီနာမည်လေးကို ရွေး လိုက်တာလဲ ဆိုတာကိုပေါ့...ကျွန်တော် ဘလော့ဂ်ရေးဖို့အတွက် နာမည်ကို ဘယ်လိုပေးရမှန်း မသိဖစ်နေတယ်ဗျ.. သူငယ်ချင်းကလည်း ဘလော့ဂ်ကို ဘယ်လိုရေးရတယ်ဆိုတာ သေသေချာချာ စိတ်ပါဝင်စားစွာပဲ့ ရှင်းပြနေတယ် … ကျွန်တော်ကလည်း သူပြော တာကို နားထောင်ရင်းပေါ့ တစ်ဘက်ကလည်း နာမည်ကို ဘယ်လိုပေးရင် ကောင်းမလဲလို့ စဉ်းစာနေတာပေါ့… သူငယ်ချင်းသိရင်တော့သတ်မှာဗျ... သူကတော့ စိတ် ၀ငတစားနဲ့ ရှင်းပြနေတာကို ကျွနတာ့်စိတ်တွေက အခြားရောက်နေလို့လေ… သူ ကိုတော့သွားမပြော နဲ့ပေါ့ …ဟီး လမ်းမှာတွေ့ရင် မုန့်ဝယ်ကျွေးမယ်နော်… ကျေးဇူး မမေ့ဘူး.. သူကတော့ အခြားသူမဟုတ်ပါဘူး… ကိုမင်းကျန်စစ်ပါပဲ… တစ်ညသာ ကုနသွားတယ် ကျွန်တော့် နာမည်ပေးဖို့ကို စဉ်းစားလို့ မရသေးဘူး… နောက်နေ့ ရောက်တော့ ကျွနတော်ဖတ်ခဲ့ ဖူးတဲ့ ကာတွန်းစာအုပ် ထဲကဇာတ် ကောင်လေးကို စဉ်းစားမ တယ်ဗျ… မဏ္ဍိုင်တဲ့… အဲဒါနဲ့ပဲ အဲဒီဇာတ်ကောင်လေး နာမည်ပါအောင ထည့်ပေး လိုက်တယ်ဗျ… သူငယ်ချင်းတို့လဲ သိမှာပါ… အဲဒ ဇာတ်ကောင်ပုံစံက နှုတ် ခမ်းမွေး ကားကားနဲ့… လူပုံကိုကြည့် ကိုရိုကားရားနဲ့… မှတ်ချက် ကျွန်တောနဲ့ မတူဘူးနော်… သူကြည့်လိုက်ရင် သူများဇာတ်ကောင်တွေလို အမြဲတမ်း အကောင်း ဖက်ကပဲ မဟုတ်ဘူး… ဆိုးတဲ့အခါဆိုရင်လည်းဆိုးတယ်… ကောင်းတဲ့ အခါတေ တော့ နည်းပါတယ်… သဘာဝပိုကျတယို့ပဲ့ပြောရမလား မသိဘူးဗျာ… အဲဒီ ဇာတ ကာင်လေးရဲ့ ပုံစံကိုကျွန်တော် ကြိုက် လို့ ဒီနာမည်လေးပေးလိုက်တာပါ… ဟဲဟဲ အမည်ပေး ကင်ပွန်းတပ်တော့ မလုပ်တော့ဘူး နော်… စိတ်မဆိုးနဲ့…

အပြည့်အစုံသို့

ကူညီပေးနော်

ကျွန်တော့် ဘလော့ခ်လေးကို ရောက်လာတဲ့သူတွေ အားလုံးပျော်ရွှင်ပါစေဗျာ။ကျွန် တော်က အခုမှ စ လေ့လာတာဆိုတော့ အမြင်မတော်တာလေးတွေ ရှိရင်ပြောပေးး ပေါ့။ အကုန်လုံးကတော့ ကျွန်တော့် အတွက် အဆန်းတွေဖြစ် နေအုံးမှာ ပဲလေ။ အဲဒါကြောင့်မိုလို့ပါ။ ကျေးဇူးလည်း တင်ပါတယ်။ ကျွန်တော်က ရေးချင်တဲ့ ဆန္ဒ ပဲ ရှိတာ။ ဘယ်ကဘယ်လိုစရမှန်းတောင် မသိဘူး။ အခုလည်း သူငယ်ချင်းကို အကူ အညီတောင်းတယ်။ သူကပဲ သင်ပေးပါတယ်။ အဲဒီလိုနဲ့ပဲ ကျွန်တော်အတွက်အလုပ် ကလေး တစ်ခု ရလိုက်တယ်ဆိုပါတော့ဗျာ။

အပြည့်အစုံသို့