ကောင်မလေးရယ်
» မူလသို့ | » ကဗျာ | » ဟိုဟို ဒီဒီ | » ဟာသ |
Friday, February 8, 2008
ရင်ထဲက ဆန္ဒ
ရှောက်ဖောသူ မဏ္ဍိုင်ကြီး at 1:29 AM 1 စာဖတ်သူက ဆိုတယ်
တူရာစာစဉ် ကဗျာ
ငြိမ်သက်နေတဲ့ ငါ့အခန်း
ပေါ့ပျက်ပျက် အတွေးတစ်စနဲ့
ရှုပ်ပွနေတဲ့ ငါ့အခန်းထဲမှာ
အဓိပ္ပါယ်ရယ် နထ္ထိ
ရပ်ကြည့်ဖို့တောင် မကောင်းတဲ့
ပန်းချီကား တစ်ချပ်ရယ်…
အပြင်းပြေအောင် လဲလျောင်း
စောင်းငန်း ဖိတ်စင်နေတဲ့
ဘီယာပုလင်း တွေရယ်…
သံစဉ်တွေ ကြိုးပြတ်
အိုးအက်နေတဲ့ ဂီတာတစ်လုံးရယ်…
အဖြူနဲ့ အမဲ
သဲကွဲအောင်တောင် မမြင်ရတော့တဲ့
ချစ်ခဲ့ ဖူးသူရဲ့ ဓါတ်ပုံရယ်…
အဖော်မဲ့လို့ ငူငူငိုင်
ထူထူထေါင်ထေါင်တောင် မရှိတော့တဲ့ ငါရယ်…
တိတ်ဆိတ်မှုခြင်း ပြိုင်နေကြတယ်… ♥ရဲနိုင်
ရှောက်ဖောသူ မဏ္ဍိုင်ကြီး at 1:06 AM 1 စာဖတ်သူက ဆိုတယ်
တူရာစာစဉ် ကဗျာ
Thursday, February 7, 2008
နာမည်လေးကို ဘာလို့ ဒီလိုပေးရလဲဆိုရင်
သူငယ်ချင်းတွေကို ကျွန်တော် ပေးထားတဲ့ နာမည်လေးနဲ့ ပါတ်သတ်ပြီး နည်းနည်း လောက် ပြောပြပါအုံးမယ်... ကျွန်တော် ဘာလို့ ဒီနာမည်လေးကို ရွေး လိုက်တာလဲ ဆိုတာကိုပေါ့...ကျွန်တော် ဘလော့ဂ်ရေးဖို့အတွက် နာမည်ကို ဘယ်လိုပေးရမှန်း မသိဖြစ်နေတယ်ဗျ.. သူငယ်ချင်းကလည်း ဘလော့ဂ်ကို ဘယ်လိုရေးရတယ်ဆိုတာ သေသေချာချာ စိတ်ပါဝင်စားစွာပဲ့ ရှင်းပြနေတယ် … ကျွန်တော်ကလည်း သူပြော တာကို နားထောင်ရင်းပေါ့ တစ်ဘက်ကလည်း နာမည်ကို ဘယ်လိုပေးရင် ကောင်းမလဲလို့ စဉ်းစာနေတာပေါ့… သူငယ်ချင်းသိရင်တော့သတ်မှာဗျ... သူကတော့ စိတ် ၀င်တစားနဲ့ ရှင်းပြနေတာကို ကျွန်တော့်စိတ်တွေက အခြားရောက်နေလို့လေ… သူ ကိုတော့သွားမပြော နဲ့ပေါ့ …ဟီး လမ်းမှာတွေ့ရင် မုန့်ဝယ်ကျွေးမယ်နော်… ကျေးဇူး မမေ့ဘူး.. သူကတော့ အခြားသူမဟုတ်ပါဘူး… ကိုမင်းကျန်စစ်ပါပဲ… တစ်ညသာ ကုန်သွားတယ် ကျွန်တော့် နာမည်ပေးဖို့ကို စဉ်းစားလို့ မရသေးဘူး… နောက်နေ့ ရောက်တော့ ကျွန်တော်ဖတ်ခဲ့ ဖူးတဲ့ ကာတွန်းစာအုပ် ထဲကဇာတ် ကောင်လေးကို စဉ်းစားမိ တယ်ဗျ…
ရှောက်ဖောသူ မဏ္ဍိုင်ကြီး at 1:27 AM 0 စာဖတ်သူက ဆိုတယ်
တူရာစာစဉ် ဟိုဟို ဒီဒီ
ကူညီပေးနော်
ကျွန်တော့် ဘလော့ခ်လေးကို ရောက်လာတဲ့သူတွေ အားလုံးပျော်ရွှင်ပါစေဗျာ။ကျွန် တော်က အခုမှ စ လေ့လာတာဆိုတော့ အမြင်မတော်တာလေးတွေ ရှိရင်ပြောပေးး ပေါ့။ အကုန်လုံးကတော့ ကျွန်တော့် အတွက် အဆန်းတွေဖြစ် နေအုံးမှာ ပဲလေ။ အဲဒါကြောင့်မိုလို့ပါ။ ကျေးဇူးလည်း တင်ပါတယ်။ ကျွန်တော်က ရေးချင်တဲ့ ဆန္ဒ ပဲ ရှိတာ။ ဘယ်ကဘယ်လိုစရမှန်းတောင် မသိဘူး။ အခုလည်း သူငယ်ချင်းကို အကူ အညီတောင်းတယ်။ သူကပဲ သင်ပေးပါတယ်။ အဲဒီလိုနဲ့ပဲ ကျွန်တော်အတွက်အလုပ် ကလေး တစ်ခု ရလိုက်တယ်ဆိုပါတော့ဗျာ။
ရှောက်ဖောသူ မဏ္ဍိုင်ကြီး at 12:05 AM 0 စာဖတ်သူက ဆိုတယ်