လွတ်လပ်မှုကို ငါကလိုချင်တာပါ
ဒါပေမယ့်
ငါဦးတည်နေတဲ့ အရပ်က
ငါရဲ့ လွတ်လပ်မှုတွေကို
ဖမ်းစားတဲ့နေရာ ဖြစ်နေတယ်။
ငါရဲ့ ဆန္ဒကလည်း
အဲဒီ အရပ်ကလွဲလို့
အခြားအရပ်ကို ဦးတည်လို့မရဘူး။
အခုတော့
ငါကလည်း အဲဒီလွတ်လပ်မှုတွေကို
မုန်းချင်သယောင်ဖြစ်နေပြီ။
လွတ်လပ်မှုတွေကို ဖမ်းစားတဲ့
နေရာလေးကိုပဲ
အဲဒီနေရာလေးမှာပဲ
ငါက ပျော်တက်နေလေရဲ့
အဲဒီ ဘ၀လေးကိုပဲ
ငါခုံမင်တက်မက် နေလေရဲ့။
ဘာလို့လဲ...?
အခုတော့
အတိုင်းအတာတစ်ခုအထိပဲ
ကောင်းတယ်ဆိုတာ ငါလက်ခံနေပြီလေ။
♥ မဏ္ဍိုင်
2 စာဖတ်သူက ဆိုတယ်:
ဗလာခေါင်းစဉ်လေး မှာ စဉ်းစားစရာတွေ နဲ့ပါလား
အဆင်ပြေပါစေ ..။ ။
ကောင်းတယ်ကွာ..စကားလုံးတွေထိတယ် :)
Post a Comment