လွမ်းသူ
လွမ်းလိုက်တာ…ရ်
အလွမ်းများ ငြိမ်းစေသတည်းလို့
တောင်းဆုပြုချင်တရ်
ငြိမ်းစေအလွမ်း
ရင်၌ဖြစ်တည်
တောင်းဆုပြုချင်
အလွမ်းများငြိမ်းစေ
စိတ်၌ဖြစ်တည် ထိုအလွမ်းကို
တောင်းဆုမပြု
ကြိတ်မှိတ်နေ၍
သူမမြင်လည်း… သူသိနေရင်
ကြည့်နူးတယ်♥♥♥♥♥ok!!!!!
♥ နိုင်ဟိန်း
မှ နွေးထွေးစွာ ကြိုဆိုပါတယ်ဗျာ
ပမာခိုင်းလျှင် တော်လေးဝနှင့် နီးစပ်နိုင်သည့် မာနသခင် အရှင်မရယ်၊ ပင်ကိုမူလ မွေးဖွား၍လား ရေမြေတွေက ပြောင်းလဲ၍လား တွေးတောရင်မှာ မရခဲ့ပြီ၊ အကျွန်ုပ်ရင်ဝယ် ပင်မြင့်စံပန်း ဖြစ်သော်ငြားလည်း ယှဉ်ပြိုင်သူရှား လှပပါလျှက် မာနဂုဏ်မာန် ထည်ဝါလေတော့ ယူချိုးစံမြန်း မ၀ံ့ခဲ့ပြီ၊ သို့သော်ငြားလည်း နှိမ့်ချခူးသူ ရှိခဲ့ပါမူ ဖိုးမဲ့မြေခ မဖြစ်ရအောင် ကာကွယ်နိုင်ရေး စဉ်မြဲတွေး၍ စောက်ရှောက်ဦးမည် ထာဝစဉ်။
♥ မဏ္ဍိုင်
လွင့်မျောဆဲပေါ့ အသင် မျှော်လင့်ခြင်းဆိုတဲ့ ပန်းတိုင် ရောင်နီပြလိမ့် နိုးနိုးနဲ့ပေါ့။ လွင့်မျောရင်းနဲ့ စိတ်ညစ်မှုတွေ ကြုံလာတဲ့အခါ ခေါ်သူမဲ့နေလည်း အတွေ့အကြုံဆိုတဲ့ စကားလုံးက အဖော်မွန်ဖြစ်နဲ့ပေါ့ အသင်။ တကယ်တော့ ဘ၀ဆိုတာ သူ့အလာ မျှော်နေရတဲ့ Chatroom လေးမှ မဟုတ်တာ ဆက်ရွှေ့ လွင့်မျောဆဲပေါ့…။
♥ မင်းခောတ်
ဟေ့ မြန်မာဟာ မြန်မာပဲ။ မြန်မာဟာ မြန်မာပြည်မှာ နေရမယ်။ မြန်မာပြည်မှာ သေရမယ်။ အကြောင်း အမျိုးမျိုးကြောင့် ရေခြားမြေခြားကို ရောက်နေရပေမယ့် တစ်နေ့မှာ မြန်မာပြည်ကိုပြန်ရမယ်။ အခွင့်အရေး တစ်စုံတစ်ရာကြောင့် နိုင်ငံခြားသားလုပ်ဖို့ ဘယ်တော့မှ စိတ်မကူးလေနဲ့။ ♥ ဦးသန့်
တောင်စွယ်မြင့်မား မှိုင်းညိုဆွေ့ဆွေ့ မိုးထစ်ချူန်းလဲ ပန်းတိုင်ရောင်နီ ပြလိမ့်နိုးနဲ့ နေ့ဆိုမိုးကာ ညဆိုအိပ်ယာခင်း ကျောအိတ်ခေါင်းအုံး စောင်ပါးခြုံလဲ မောင်စိတ်စဉ်ဝယ် မေကိုတမ်းတ လွမ်းခြင်းရင်၌ မဖြေသာ။ ဟေမာန်ဆောင်းဦး မြူနှင်းကြားဝယ် လေရှူးတိုးဝှေ့ အနွေးစွယ်တာ ၀တ်ဆင်ထားလဲ နောက်တန်းကျန်နေ စုလျားရစ်ပတ် မောင်ချစ်မေကို ရက်စဉ်နေဆက် တသသနှင့် ရတတ်မအေး ပူဆွေးလွမ်းဆွတ် နွေဂိမာန်လို လွမ်းခြင်းရင်၌ ပြင်းထန်စေဧ။် ။ ♥ မင်းခေတ်
0 စာဖတ်သူက ဆိုတယ်:
Post a Comment