မ ယုံရဲ့လား ?
ပေါ့ပျက်ပျက် ရယ်သွမ်းသွေး
လောကကြီးကို အရေးမထားတဲ့
ကောင်လေးရဲ့ ရင်ထဲ့မှာ
မ အတွက် လေးနက်ခြင်းတွေရှိတယ်
မ သိရဲ့လား ?
မထီမဲ့မြင်နဲ့ လောကကြီးအတွက် ကဗျာမဆန်တဲ့
ကောင်လေးရဲ့ရင်ထဲမှာ
မ အတွက် နူးညံ့တဲ့ သံယောဇဉ်တွေရှိတယ်
မ ထင်ရဲ့လား ?
ပြောင်စပ်စပ်မျက်နာနဲ့ ပျော်ရွှင်ခြင်းသာရှိတဲ့
ကောင်လေးရဲ့ ရင်ထဲမှာ
မ အတွက် လွမ်းဆွတ်ခြင်းဆိုတာတွေ ပြည့်နှက်နေတယ်
မ မြင်နိုင်ရဲ့လား ?
ချစ်သူအပေါ်ကို အလိုက်မသိတက်ဘူးထင်ခဲ့တဲ့
ကောင်လေးတစ်ယောက်ရဲ့ ရင်ထဲမှာ
မ အတွက် အလိုက်သိမှုတွေ အပြည့်ရှိတယ်
မ သိထားစေချင်တယ်
လွတ်လပ်ပွင့်လင်း ဟန်ဆောင်ခြင်းကင်းတဲ့
ကောင်လေးရဲ့ ရင်ထဲမှာ
ပြင်းထန်တဲ့ မာနတွေရှိတယ် ♥ ရန်လင်းအောင်
» မူလသို့ | » ကဗျာ | » ဟိုဟို ဒီဒီ | » ဟာသ |
Tuesday, July 22, 2008
ယုံကြည်စေချင်တယ်
Subscribe to:
Post Comments (Atom)
0 စာဖတ်သူက ဆိုတယ်:
Post a Comment