အားငယ်သူ အားပေးပါ

Saturday, July 12, 2008

Action & Reaction

ပေးဆပ်မှုတွေ

စွန့်လွှတ်မှုတွေ

အနစ်နာခံမှုတွေ

အရှိန်အဟုန်နဲ့ တစ်ရစပ်စီဆင်းလို့။

တုန့်ပြန်မှုဆိုတာ

ဘယ်သောင်ပြင်မှာ ငိုက်မြည်းနေလဲ။


ခါးသည်းမှုတွေပဲ ရင်မှာပြည့်ကျပ်နေတဲ့အခါ

ညီမျှအောင် တုန့်ပြန်မှု့ မပေးနိုင်ရင်နေပါ

အမည်နာမ တပ်ခွင့်ရှိအောင်တော့

အချက်ပြပေးပါလားကွယ်။ မဏ္ဍိုင်

0 စာဖတ်သူက ဆိုတယ်: