အားငယ်သူ အားပေးပါ

Wednesday, May 14, 2008

မင်းအကြောင်းတွေးတဲ့ ကဗျာ

နှင်းတွေကတော့ တစ်ဖွဲဖွဲနဲ့
မြန်မြန်လေး ကျနေတာပဲလေ

ဒါပေမယ့်

ရင်ထဲမှာတော့ မိုးရွာပြီးကာစ

ရာသီဥတု မကောင်းသလို။


‘လေး’ ကိုသတိရရင်

မျက်စိမှိတ် အသက်အောင့်ပြီး

လေးလံထိုင်းမှိုင်းနေတဲ့ သူတစ်ယောက်ပါ

ငါအမြတ်တနိုးခေါ်ခဲ့တဲ့
နာမည်လေးက ‘လေး’ တဲ့။

‘လေး’ …. တရ်
ငါတွေးမိတာ တစ်ခုက
နှင်းလေးတွေက
‘မိုးစက်လေး’တွေ ဖြစ်သွားရင်
ဘယ်လောက်ကောင်း မလဲနော်'...' ။ နိုင်ဟိန်း

1 စာဖတ်သူက ဆိုတယ်:

ပန်းခရေ said...

မင်းအကြောင်းတွေးတဲ့ကဗျာ
လန်းတယ်..
နှင်းလေးတွေသာ မိုးစက်ဖြစ်သွားရင် ကျနော့အနားကို သူရောက်လာမယ်ထင်တယ်ဂျ...
ကောင်းတယ်..ကဗျာတွေကောင်းတယ် ကြိုက်တယ်
ရင်ဘတ်ခြင်းတူလို့ထင်ပ..
း)