ပေးဆပ်ခြင်းဟာ ရယူခြင်းအတွက်ဆိုရင်
အပြန်ချစ်ခြင်းတစ်ခုကို ငါရသင့်တယ်
လိုက်လျောမှုဘာသာရပ်ထဲမှာ
ငါ့မာနတွေ ဒဏ်ရာရခဲ့တာ
ဖြစ်ရပ်မှန်တစ်ခုရယ်ပါ
ရှိပါစေတော့ရယ်လို့
အခါခါမျိုသိပ်နေပေမယ့်
ပုပ်ပွနေတဲ့ ငါ့နာကျည်းမှုတွေက
ပုရွက်ဆိတ်တစ်ကောင်လို
ငါ့အသိစိတ်ကို ထိုးထိုးကိုက်နေပြန်တယ်
မခက်ဘူးလား…
ကိုယ်ပေးသလောက် ပြန်မရတာ အချစ်တဲ့… ♥ ရန်လင်းအောင်
0 စာဖတ်သူက ဆိုတယ်:
Post a Comment