အားငယ်သူ အားပေးပါ

Friday, May 2, 2008

ထ ရိုက်ပစ်ရော

တစ်ခါက ရွာတစ်ရွာမှာ ကိုညီမောင်နဲ့ မအေးခင်ဆိုတဲ့ လင်မယားရှိတယ်။ သူတို့မှာ သားသမီး (၃)ယောက် ရှိတယ်တဲ့။ အဖိုးတွေ အဖွားတွေ ထားခဲ့တဲ့ တောင်ယာအ လုပ်နဲ့ပဲ အသက်မွေးဝမ်းကျောင်း ပြုတာပေါ့။ ကိုညီမောင်ကတော့ နားနည်းနည်း လေးတယ်။ ခပ်အေးအေးပဲ နေတက်တယ်။ မအေးခင် ကတော့ တစ်ခါတစ်လေ အဆင်မပြေတာလေးတွေ ရှိရင် ပြစ်တောက်ပြစ်တောက် ပြောလေ့ ရှိတယ်တဲ့။ တစ်နေ့ ကိုညီမောင်က ယာတောကနေ စောစောပြန်လာတာပေါ့။ အဲဒီနှစ်က တောင်ယာ အလုပ်ကလဲ အဆင်မပြေဘူး။ အဲဒီတော့ မအေးခင်က ထုံးစံအတိုင်း ပြစ်တောက်ပြစ်တောက် နဲ့ပြောတာပေါ့။ အလုပ်မကြိုးစားချင်ဘူး။ စောစော ပြန်လာတယ်ပေါ့။ ဘာနဲ့သွားစားကြမလဲပေါ့ တစ်ချိန်လုံး ဆဲရေး ပြောဆိုနေ သတဲ့။ အဲဒါကို နားလေးရှာတဲ့ ကိုညီမောင်ခမျာ မကြားရှာဘူး။ သူ့အလုပ် တွေကိုပဲ တစ်ကုတ်ကုတ်နဲ့ လုပ်နေသတဲ့။ ကလေးတွေလည်း ပြန်ရောက်လာလို့ ထမင်း စားချိန်ရောက်တော့ မအေးခင်က ပြောတယ်

အေးခင်။ ။ကိုညီမောင် ထမင်း စားရအောင်လေ၊ ကလေးတွေလည်း စုံနေပြီ၊ အား လုံးလည်း အဆင်သင့် ဖြစ်နေပြီ

လို့ ပြောသတဲ့။ အဲဒါကို နားလေးရှာတဲ့ ကိုညီမောင်က သူကို ဆဲရကောင်းလား ဆိုပြီး ထရိုက်ပစ်လိုက်ရော်တဲ့။ ဟီး mrgreenmrgreen

မဏ္ဍိုင်

1 စာဖတ်သူက ဆိုတယ်:

တင့်ထူးရွှေ said...

ကိုညီမောင် ထမင်း စားရအောင်လေ၊ ကလေးတွေလည်း စုံနေပြီ ဟီးးးး :P