အားငယ်သူ အားပေးပါ

Sunday, May 4, 2008

စောစောပြန်ခဲ့နော်

တစ်ခါက ကျွန်တော်ဖတ်ဘူးတဲ့ ဘာသာပြန်စာအုပ်ထဲက ကျွန်တော်ကြိုက်တဲ့ အကြောင်းအရာ လေးပါ။ မိသားစု သုံးယောက်ရှိတဲ့ အိမ်ထောင်စု တစ်စုမှာပေါ့။ ယောင်္ကျားလုပ်သူက ရုံးဝန်ထမ်း။ မိန်းမလုပ်သူကတော့ အိမ်မှု ကိစ္စပဲပေါ့။ သူတို့မှာ ကျောင်းနေလောက်တဲ့ အရွယ်ရှိတဲ့ သားလေး တစ်ယောက်ရှိတယ်။ တစ်နေ့ ယောင်္ကျား ရုံးကပြန်လာတော့ မိန်းမလုပ်သူက ပြောတယ်။ နောက်နေ့ စောစောပြန်လာဖို့ပေါ့။ အပြင်မှာ မိသားစုတွေ စုံစုံညီညီ ညနေစာ သွားစား ကြမယ်ပေါ့။ ယောင်္ကျားလုပ်သူကလည်း အေးပါ ပြန်လာမယ် လို့ပြောတယ်။ အိပ်ယာဝင်ခါနီးတော့ တစ်ခါ ပြောလိုက်သေးတယ်။ ယောင်္ကျားလုပ်သူကလည်း အင်းပေါ့။ နံနက်ရုံးသွားဖို့ ရေချိုးခါနီး တစ်ခါပြောလိုက်သေးတယ်။ ယောင်္ကျား ရုံးသွားတော့ လှမ်းတောင် မှာလိုက်သေးတယ်။ စောစော ပြန်လာဖို့။ ညနေ မိုးချုပ်တော့ ယောင်္ကျားက အိမ်ကို စောစောပြန်ဖို့ မေ့သွားတယ်။ မိန်းမလုပ်တဲ့ သူကတော့ စောင့်နေတာပေါ။
ဒါလေးပါပဲ

ဆိုလိုချင်တာကတော့ 'စကားလုံးတစ်ခုကို ပြောပါများလို့ရှိရင် အပြောခံရသူ ရဲ့စိတ်ထဲမှာ အဲဒီစကားလုံးပေါ်မှာ ထားတဲ့ လေးနက်မှုတွေ တစ်ဖြည်းဖြည်း လျှော့နည်းလာတာကို' ပြောတာပါ။ သူငယ်ချင်းတို့လဲ အများကြီး မပြောနဲ့ပေါ့။ ကိုရင်သာလို အင်း တစ်လုံးတည်းပြောပြန်ရင်လည်း ဘယ်ကောင်းမလဲနော်။ ဟီးmrgreen
မဏ္ဍိုင်

1 စာဖတ်သူက ဆိုတယ်:

ဖူးဖူး said...

အကို
စကားတစ်ခွန်းကို ထပ်ခါထပ်ခါပြောတာထက် ထိထိရောက်ရောက်ပြောပြနိုင်ဖို့အရေးကြီးတယ်ထင်တယ်နော်။