အားငယ်သူ အားပေးပါ

Sunday, May 11, 2008

ဒိုင်ယာရီ

နာရီလက်တံကတော့ ရက်လနှစ်တွေကို
အချိန်မှန်မှန် ၀ါးမျိုနေတုန်း
မင်းဖြတ်သန်းခဲ့တဲ့ မင်္ဂလာနေ့သစ်တွေ
ဒိုင်ယာရီထဲမှာ ဟောင်းနွမ်းလို့
ရက်(၂၀)ရှိခဲ့ပြီ၊

ဟိုအရင်က မင်းစားသုံးခဲ့တဲ့ ကံကောင်းခြင်းတွေ
ခလုပ်တိုက်ခဲ့တဲ့ အိပ်မက်ဆိုးတွေ
လေနှင်ရာလွင့်ခဲ့ရတဲ့ တိမ်တိုက်လေးလို
မင်းနင်းဖြတ်ခဲ့တဲ့ အရာအားလုံး
ဒိုင်ယာရီထဲမှာပဲ နေရာပေးခဲ့တာ မလား?

ဒီနေ့က နောက်ထပ်တစ်ရွက်ပေါ့
တစ်နှစ်တာရဲ့ရောယှက်နေတဲ့ ကောင်းဆိုးတွေ
ဖြူလွှလွှစက္ကူထဲမှာ မင်းစိတ်ကြိုက်နေရာပေးလို့ ရသေးတယ်။
လင်းအာရုံကတော့ ကံကောင်းခြင်းတွေ ယူဆောင်လို့
‘Happy Birthday’ တဲ့
မင်းရဲ့ (၂၁)နှစ်ပြည့်မွေးနေ့ကို ကြိုဆိုလို့။

ပန်းကလေးနဲ့ တူတဲ့မင်း
နှစ်မြောက်မြားစွာ သင်းပျံ့လှပနိုင်ဖို့
ကြယ်လေးတစ်ပွင့်လို အမှောင်ကိုခွင်း
လောကအလယ် လင်းလက်နေဖို့
ကိုယ် ဆုတောင်းတယ်။
‘Happy Birthday’ ပါ
ပျော်ရွှင်ကြည်နူးခြင်းတွေနဲ့အတူ
အေးချမ်းသာယာမှုတွေ ခိုလှုံနေတဲ့ ဒီလိုနေ့သစ်တွေ
ထာဝရ သိမ်းဆည်းနိုင်ပါစေ။

မှတ်ချက် ။မွေးနေ့ ဆုတောင်းလေးပါ။ မဏ္ဍိုင်

0 စာဖတ်သူက ဆိုတယ်: