အားငယ်သူ အားပေးပါ

Sunday, May 4, 2008

အကြွေးရှင်သို့

တစ်ပူပေါ် တစ်ပူဆင့်
အကြွေးတွေ ၀ိုင်းဝိုင်းရံ

တစ်ယောက်ပြီးပြန်တော့

နောက်တစ်ယောက် ကျန်ပေသမို့

ဖန်ဖန်လေ အားအင်တင်းကာ

ထပ်ဆပ်ရပြန်။

ခါတစ်လေ တစ်ကယ်နွမ်းတာကြောင့်
တော်ပါပြီ ထပ်မချေးချင်ဘူး
ရပ်တန်းက ရပ်မယ့်ကြံ
အမှန်တော့ ဖြစ်နိုင်ပါမလား။

စ(ချေး)ခဲ့မိပါ၍
တစ်နေ့တော့ ကျေရာရောက်နိုင်ရဲ့
နောက်(next)လစာကို အာရုံဆင်လို့
မျက်နှာပြင် ထပ်ယူလိုက်စမ်းပါ
လာအုံးဟဲ့ အကြွေး။

မှတ်ချက်။ ။ ငယ်ငယ်က သင်ခဲ့ရတဲ့ ကဗျာလေးကို ဟာသ ရေးထားတာပါ။ မဏ္ဍိုင်

2 စာဖတ်သူက ဆိုတယ်:

မင်းကျန်စစ်။ said...

ဒီကဗျာက ကိုယ်တိုင်ခံစားချက် ရင်တွင်းညစ်ကဗျာထင်တယ်။ ဟတ်ဟတ်။ သိနေတယ်ကွ။

Unknown said...

ကျုပ်လဲ အဲလိုဖြစ်နေတယ် ..ဆရာကီးရေ ..
အဲ့ အခြေအနေ မကောင်းဘူး :P