အလွမ်းတွေရယ်
ခဏတာလေးနဲ့ ငြိမ်းသွားပါလား?
ကောက်ရိုးမီးလိုပေါ့။
သတိရစိတ်တွေကလည်း
ထပ်တူကျနေလိုက်တာ
ငါ့ ရင်ခုန်သံတွေနဲ့ ယှဉ်လို့
အမြင်တောင်ကတ်တယ်။
အခုတော့
စစ်သူကြီးတွေတောင် လက်ပန်းကျကုန်ပီ
သတိရစိတ်တွေကို နှိမ်နှင်းရလွန်းလို့
ဟော့ဒီ ဗလာနန်းတော်မှာ။
မှတ်ချက်။ ။စာဖတ်သူ ဆဒ္ဒအတိုင်း ကဗျာခေါင်းစဉ် သတ်မှတ်နိုင်သည်။ :P ♥ မဏ္ဍိုင်
အပြည့်အစုံသို့
ပြန်ခေါက်ပေးနော်
ဘာကြီးလည်းကွာ
ဆုပ်ကိုင်ထားရတာ လေးလံလိုက်တာ
ဖြစ်နိုင်ခဲ့ရင် ၀ဲ ပစ်ပါရဲ့
အဲဒီ မျှော်လင့်ချက်တွေနဲ့
ဒိုက်ပုံကြီးကို
တစ်ခါတစ်လေ
အသက်ရှုတောင်ကြပ်တယ်
ရင်ခွင်ပိုက် ထွေးပွေ့ရလွန်းလို့။ ♥ မဏ္ဍိုင်
အပြည့်အစုံသို့
ပြန်ခေါက်ပေးနော်
မှတ်ချက်။ ။ပညာရှိများသာ တွေ့လတ္တံ့ :P
အပြည့်အစုံသို့
ပြန်ခေါက်ပေးနော်
တကယ်ပါ
ဖြစ်နိုင်မယ်ဆိုရင် ခုနေချိန်မှာ
ငှက်တစ်ကောင်အသွင် ငါဖြစ်ချင်ရဲ.
တောင်ပံတွေကို အသုံးချ
ငါ့ရဲ. ဦးတည်ရာ အရင်က
မင်းဆီကိုပါ……။
ဒါမှမဟုတ်
လမင်းနှင့် ငါနှစ်ကိုယ်ကြား
တီတိုး မှာကြားချင်ရဲ့
မင်း ရွှင်လန်းပါစေ။
ငါ လွမ်းနေတာမင်းသိရဲ.လား
ငါ့ ကိုမှလွမ်းရဲ.လား
မင်းဆီက အပြန်စကားကို
လမင်းက တဆင့် ငါသိချင်လိုက်တာ။
တကယ်တမ်းကျတော့
သာနေတဲ. လပြည့်ညရဲ.အောက်မှာ
ငါတစ်ယောက်တည်းပါ
စိတ်ကူးတွေနဲ. အိပ်မောကျ
မနက်ဖြန် ငါနိုးထတဲ.အချိန်မှာ
အသေချာဆုံးကတော့
မေ့မရတဲ. အတိတ် တွေနဲ.အတူ
မင်းကို ငါ တမ်းတနေဦးမှာပါ။ ♥ သူငယ်ချင်း
အပြည့်အစုံသို့
ပြန်ခေါက်ပေးနော်
မ ယုံရဲ့လား ?
ပေါ့ပျက်ပျက် ရယ်သွမ်းသွေး
လောကကြီးကို အရေးမထားတဲ့
ကောင်လေးရဲ့ ရင်ထဲ့မှာ
မ အတွက် လေးနက်ခြင်းတွေရှိတယ်
မ သိရဲ့လား ?
မထီမဲ့မြင်နဲ့ လောကကြီးအတွက် ကဗျာမဆန်တဲ့
ကောင်လေးရဲ့ရင်ထဲမှာ
မ အတွက် နူးညံ့တဲ့ သံယောဇဉ်တွေရှိတယ်
မ ထင်ရဲ့လား ?
ပြောင်စပ်စပ်မျက်နာနဲ့ ပျော်ရွှင်ခြင်းသာရှိတဲ့
ကောင်လေးရဲ့ ရင်ထဲမှာ
မ အတွက် လွမ်းဆွတ်ခြင်းဆိုတာတွေ ပြည့်နှက်နေတယ်
မ မြင်နိုင်ရဲ့လား ?
ချစ်သူအပေါ်ကို အလိုက်မသိတက်ဘူးထင်ခဲ့တဲ့
ကောင်လေးတစ်ယောက်ရဲ့ ရင်ထဲမှာ
မ အတွက် အလိုက်သိမှုတွေ အပြည့်ရှိတယ်
မ သိထားစေချင်တယ်
လွတ်လပ်ပွင့်လင်း ဟန်ဆောင်ခြင်းကင်းတဲ့
ကောင်လေးရဲ့ ရင်ထဲမှာ
ပြင်းထန်တဲ့ မာနတွေရှိတယ် ♥ ရန်လင်းအောင်
အပြည့်အစုံသို့
ပြန်ခေါက်ပေးနော်
ပေးဆပ်ခြင်းဟာ ရယူခြင်းအတွက်ဆိုရင်
အပြန်ချစ်ခြင်းတစ်ခုကို ငါရသင့်တယ်
လိုက်လျောမှုဘာသာရပ်ထဲမှာ
ငါ့မာနတွေ ဒဏ်ရာရခဲ့တာ
ဖြစ်ရပ်မှန်တစ်ခုရယ်ပါ
ရှိပါစေတော့ရယ်လို့
အခါခါမျိုသိပ်နေပေမယ့်
ပုပ်ပွနေတဲ့ ငါ့နာကျည်းမှုတွေက
ပုရွက်ဆိတ်တစ်ကောင်လို
ငါ့အသိစိတ်ကို ထိုးထိုးကိုက်နေပြန်တယ်
မခက်ဘူးလား…
ကိုယ်ပေးသလောက် ပြန်မရတာ အချစ်တဲ့… ♥ ရန်လင်းအောင်
အပြည့်အစုံသို့
ပြန်ခေါက်ပေးနော်
ပေးဆပ်မှုတွေ
စွန့်လွှတ်မှုတွေ
အနစ်နာခံမှုတွေ
အရှိန်အဟုန်နဲ့ တစ်ရစပ်စီဆင်းလို့။
တုန့်ပြန်မှုဆိုတာ
ဘယ်သောင်ပြင်မှာ ငိုက်မြည်းနေလဲ။
ခါးသည်းမှုတွေပဲ ရင်မှာပြည့်ကျပ်နေတဲ့အခါ
ညီမျှအောင် တုန့်ပြန်မှု့ မပေးနိုင်ရင်နေပါ
အမည်နာမ တပ်ခွင့်ရှိအောင်တော့
အချက်ပြပေးပါလားကွယ်။ ♥ မဏ္ဍိုင်
အပြည့်အစုံသို့
ပြန်ခေါက်ပေးနော်
နှင်းတွေကတော့ တစ်ဖွဲဖွဲနဲ့
မြန်မြန်လေး ကျနေတာပဲလေ
ဒါပေမယ့်
ရင်ထဲမှာတော့ မိုးရွာပြီးကာစ
ရာသီဥတု မကောင်းသလို။
‘လေး’ ကိုသတိရရင်
မျက်စိမှိတ် အသက်အောင့်ပြီး
လေးလံထိုင်းမှိုင်းနေတဲ့ သူတစ်ယောက်ပါ
ငါအမြတ်တနိုးခေါ်ခဲ့တဲ့
နာမည်လေးက ‘လေး’ တဲ့။
‘လေး’ …. တရ်
ငါတွေးမိတာ တစ်ခုက
နှင်းလေးတွေက
‘မိုးစက်လေး’တွေ ဖြစ်သွားရင်
ဘယ်လောက်ကောင်း မလဲနော်'...' ။ ♥ နိုင်ဟိန်း
အပြည့်အစုံသို့
ပြန်ခေါက်ပေးနော်
လွမ်းသူ
လွမ်းလိုက်တာ…ရ်
အလွမ်းများ ငြိမ်းစေသတည်းလို့
တောင်းဆုပြုချင်တရ်
ငြိမ်းစေအလွမ်း
ရင်၌ဖြစ်တည်
တောင်းဆုပြုချင်
အလွမ်းများငြိမ်းစေ
စိတ်၌ဖြစ်တည် ထိုအလွမ်းကို
တောင်းဆုမပြု
ကြိတ်မှိတ်နေ၍
သူမမြင်လည်း… သူသိနေရင်
ကြည့်နူးတယ်♥♥♥♥♥ok!!!!!
♥ နိုင်ဟိန်း
အပြည့်အစုံသို့
ပြန်ခေါက်ပေးနော်
နာရီလက်တံကတော့ ရက်လနှစ်တွေကို
အချိန်မှန်မှန် ၀ါးမျိုနေတုန်း
မင်းဖြတ်သန်းခဲ့တဲ့ မင်္ဂလာနေ့သစ်တွေ
ဒိုင်ယာရီထဲမှာ ဟောင်းနွမ်းလို့
ရက်(၂၀)ရှိခဲ့ပြီ၊
ဟိုအရင်က မင်းစားသုံးခဲ့တဲ့ ကံကောင်းခြင်းတွေ
ခလုပ်တိုက်ခဲ့တဲ့ အိပ်မက်ဆိုးတွေ
လေနှင်ရာလွင့်ခဲ့ရတဲ့ တိမ်တိုက်လေးလို
မင်းနင်းဖြတ်ခဲ့တဲ့ အရာအားလုံး
ဒိုင်ယာရီထဲမှာပဲ နေရာပေးခဲ့တာ မလား?
ဒီနေ့က နောက်ထပ်တစ်ရွက်ပေါ့
တစ်နှစ်တာရဲ့ရောယှက်နေတဲ့ ကောင်းဆိုးတွေ
ဖြူလွှလွှစက္ကူထဲမှာ မင်းစိတ်ကြိုက်နေရာပေးလို့ ရသေးတယ်။
လင်းအာရုံကတော့ ကံကောင်းခြင်းတွေ ယူဆောင်လို့
‘Happy Birthday’ တဲ့
မင်းရဲ့ (၂၁)နှစ်ပြည့်မွေးနေ့ကို ကြိုဆိုလို့။
ပန်းကလေးနဲ့ တူတဲ့မင်း
နှစ်မြောက်မြားစွာ သင်းပျံ့လှပနိုင်ဖို့
ကြယ်လေးတစ်ပွင့်လို အမှောင်ကိုခွင်း
လောကအလယ် လင်းလက်နေဖို့
ကိုယ် ဆုတောင်းတယ်။
‘Happy Birthday’ ပါ
ပျော်ရွှင်ကြည်နူးခြင်းတွေနဲ့အတူ
အေးချမ်းသာယာမှုတွေ ခိုလှုံနေတဲ့ ဒီလိုနေ့သစ်တွေ
ထာဝရ သိမ်းဆည်းနိုင်ပါစေ။
မှတ်ချက်။ ။မွေးနေ့ ဆုတောင်းလေးပါ။ ♥ မဏ္ဍိုင်
အပြည့်အစုံသို့
ပြန်ခေါက်ပေးနော်
တစ်ပူပေါ် တစ်ပူဆင့်
အကြွေးတွေ ၀ိုင်းဝိုင်းရံ
တစ်ယောက်ပြီးပြန်တော့
နောက်တစ်ယောက် ကျန်ပေသမို့
ဖန်ဖန်လေ အားအင်တင်းကာ
ထပ်ဆပ်ရပြန်။
ခါတစ်လေ တစ်ကယ်နွမ်းတာကြောင့်
တော်ပါပြီ ထပ်မချေးချင်ဘူး
ရပ်တန်းက ရပ်မယ့်ကြံ
အမှန်တော့ ဖြစ်နိုင်ပါမလား။
စ(ချေး)ခဲ့မိပါ၍
တစ်နေ့တော့ ကျေရာရောက်နိုင်ရဲ့
နောက်(next)လစာကို အာရုံဆင်လို့
မျက်နှာပြင် ထပ်ယူလိုက်စမ်းပါ
လာအုံးဟဲ့ အကြွေး။
မှတ်ချက်။ ။ ငယ်ငယ်က သင်ခဲ့ရတဲ့ ကဗျာလေးကို ဟာသ ရေးထားတာပါ။
♥ မဏ္ဍိုင်
အပြည့်အစုံသို့
ပြန်ခေါက်ပေးနော်
တစ်ခါက ရွာတစ်ရွာမှာ ကိုညီမောင်နဲ့ မအေးခင်ဆိုတဲ့ လင်မယားရှိတယ်။ သူတို့မှာ သားသမီး (၃)ယောက် ရှိတယ်တဲ့။ အဖိုးတွေ အဖွားတွေ ထားခဲ့တဲ့ တောင်ယာအ လုပ်နဲ့ပဲ အသက်မွေးဝမ်းကျောင်း ပြုတာပေါ့။ ကိုညီမောင်ကတော့ နားနည်းနည်း လေးတယ်။ ခပ်အေးအေးပဲ နေတက်တယ်။ မအေးခင် ကတော့ တစ်ခါတစ်လေ အဆင်မပြေတာလေးတွေ ရှိရင် ပြစ်တောက်ပြစ်တောက် ပြောလေ့ ရှိတယ်တဲ့။ တစ်နေ့ ကိုညီမောင်က ယာတောကနေ စောစောပြန်လာတာပေါ့။ အဲဒီနှစ်က တောင်ယာ အလုပ်ကလဲ အဆင်မပြေဘူး။ အဲဒီတော့ မအေးခင်က ထုံးစံအတိုင်း ပြစ်တောက်ပြစ်တောက် နဲ့ပြောတာပေါ့။ အလုပ်မကြိုးစားချင်ဘူး။ စောစော ပြန်လာတယ်ပေါ့။ ဘာနဲ့သွားစားကြမလဲပေါ့ တစ်ချိန်လုံး ဆဲရေး ပြောဆိုနေ သတဲ့။ အဲဒါကို နားလေးရှာတဲ့ ကိုညီမောင်ခမျာ မကြားရှာဘူး။ သူ့အလုပ် တွေကိုပဲ တစ်ကုတ်ကုတ်နဲ့ လုပ်နေသတဲ့။ ကလေးတွေလည်း ပြန်ရောက်လာလို့ ထမင်း စားချိန်ရောက်တော့ မအေးခင်က ပြောတယ်
အေးခင်။ ။ကိုညီမောင် ထမင်း စားရအောင်လေ၊ ကလေးတွေလည်း စုံနေပြီ၊ အား လုံးလည်း အဆင်သင့် ဖြစ်နေပြီ
ီ လို့ ပြောသတဲ့။ အဲဒါကို နားလေးရှာတဲ့ ကိုညီမောင်က သူကို ဆဲရကောင်းလား ဆိုပြီး ထရိုက်ပစ်လိုက်ရော်တဲ့။ ဟီး 

♥ မဏ္ဍိုင်
အပြည့်အစုံသို့
ပြန်ခေါက်ပေးနော်
ဟိုအရင်က ငါလက်ကိုင်ထားခဲ့တယ်
ပျော်ရွှင်ခြင်းဆိုတာက ရောက်တဲ့နေရာ
လွမ်းမောခြင်းဆိုတာက အမေနဲ့အဖေ
တမ်းတခြင်းက အမေ့အိမ်
သတိရခြင်းက မတွေ့တာကြာတဲ့ သူငယ်ချင်းတွေ
အခုတော့ အဲဒါတွေအားလုံးကို
ညီမျှခြင်းရဲ့ တစ်ဖက်ကိုပို့လိုက်ပြီ
အနုတ်လက္ခဏာပြလို့...။
အခုငါ့ရင်မှာ နေရာအယူဆုံးက မင်း
အချစ်ရဲ့ ကျေးကျွန်ဖြစ်နေတာက ငါ
နားထောင်တဲ့ သီချင်းတွေက လွမ်းတေးသီချင်း
ငါရေးချတဲ့ အရာတွေက ကြေကွဲသံစဉ်
မှင်အနီရောင်နဲ့တောင် မခြယ်သဘူး
ငါ့ရင်ခုန်သံတွေ ရပ်တန့်သွားမှာစိုးလို့
အခုအဲဒါတွေ အားလုံးကို
ညီမျှခြင်းရဲ့ တစ်ဖက်ကို ပို့လို့မရဘူး
ကံကြမ္မာအရတဲ့...။
အပြံးလေးနဲ့ ဖဲ့ခြွေနိုင်သူက မင်း
မအူမလည်နဲ့ လမ်းဘေးအချိတ်ခံရတာ ငါ့နှလုံးသား
မျှော်လင့်ချက်နဲ့ အသက်ဆက်ရှင်မယ်ဆိုတာ
ယောင်ရမ်းသံစဉ်
အောင်နိုင်သူအပြံးနဲ့ ဘ၀င်ဟပ်နေတာက မင်း
ထားရက်ခဲ့တာတောင် အပြစ်မမြင်နိုင်ခဲ့တာက ငါ
မင်းမရှိတဲ့နေ့တွေ ခြောက်ကပ်တယ်ဆိုတာ လက်တွေ့
အခုအဲဒါတွေ အားလုံးကို
ညီမျှခြင်းရဲ့တစ်ဖက်ကို မပို့ချင်တော့ဘူး
ကံကြမ္မာအရလို့ ထပ်ပြောမှာပဲလေ။ ♥ မဏ္ဍိုင်
အပြည့်အစုံသို့
ပြန်ခေါက်ပေးနော်
မလာမှန်း သိလျှက်နဲ့
စောင့်ခဲ့ရတဲ့ နေ့တွေ၊
မချစ်နိုင်မှန်း သိလျှက်နဲ့
တမ်းတမိတဲ့ မျှော်လင့်ချက်တွေ၊
မရနိုင်မှန်း သိလျှက်နဲ့
လိုချင်မိတဲ့ အတိတ်ရဲ့ အိပ်မက်လှလှတွေ၊
ဘယ်သူစေခိုင်းချက်မှ မပါပဲ
သူ့နေရာနဲ့သူ နေရာယူလို့
အပိုးကျိုးနေလိုက်ပုံများ အမြင်ကပ်ချင်စရာ။
ဝေးသွားမှန်း သိလျှက်နဲ့
အမြဲတမ်းကြည့်ဖြစ်တဲ့ ဓါတ်ပုံလေးတွေ၊
တင်းထားမှန်း သိလျှက်နဲ့
ယိမ်းယိုင်သွားတဲ့ အတွေးအစလေးတွေ၊
ငြင်းထားမှန်း သိလျှက်နဲ့
ရောက်လာတက်တဲ့ အလွမ်းအစလေးတွေ၊
ဘယ်သူစေခိုင်းချက်မှ မပါပဲ
သူ့နေရာနဲ့သူ နေရာယူလို့
အပိုးကျိုးနေလိုက်ပုံများ အမြင်ကပ်ချင်စရာ။
လွမ်းမောရင်း ကြားက
ခလုပ်တိုက်ခဲ့တဲ့ အိပ်ပျက်ညတွေ၊
စဉ်းစားရင်း မောတဲ့
သူမပါတော့တဲ့ အနာဂါတ်သစ်တွေ၊
မဖြစ်နိုင်ဘူးလို့ မျက်ကန်းငြင်းတဲ့
တားလို့မရတဲ့ ငါ့အတ္တတွေ၊
ဘယ်သူစေခိုင်းချက်မှ မပါပဲ
သူ့နေရာနဲ့သူ နေရာယူလို့
အပိုးကျိုးနေလိုက်ပုံများ အမြင်ကပ်ချင်စရာ။ ♥ မဏ္ဍိုင်
အပြည့်အစုံသို့
ပြန်ခေါက်ပေးနော်
တစ်ခါက ရွာတစ်ရွာမှာ နှဲအမှုတ်တော်တဲ့ မျက်မမြင်အဖိုးကြီးတစ်ယောက် ရှိတယ် တဲ့။ အဲဒီ အဖိုးကြီးက ဘေးပါတ်ဝန်းကျင် ရွာတွေအထိ လိုက်လံဖျော်ဖြေပေးရ သတဲ့။ တစ်နေ့ အခြားရွာတစ်ရွာမှ အလှူကို လာရောက် ဖျော်ဖြေပေးရန် ငှားရမ်းတယ်။ အဖိုးကြီးကလည်း လာခဲ့ပါမည်ဟု ကတိပေးလိုက်တယ်။ အဖိုးကြီး အခြားရွာတွေကို သွားလျှင် မျက်စေ့မမြင်တဲ့ အတွက် အဖော်တစ်ယောက် အမြဲတမ်းလိုက်ပေးရ သတဲ့။ ဒါနဲ့ အလှူရက်ကလည်း နီးကပ်လာပြီ။ အလှူရက် မတိုင်ခင် (၂)ရက်အလိုမှာ မိုးက သည်းထန်းစွာ ရွာသွားတယ်။ အိမ်ကလူတွေ ကလည်း အလုပ်ရှုပ်တဲ့ အတွက် လိုက်မပို့ နိုင်ကြဘူး။ ဒီလိုနဲ့ အိမ်ဘေးက လူရွယ်တစ်ယောက်ကို အကူအညီတောင်းလိုက်သတဲ့။ အဖိုးကြီးနဲ့ လူရွယ်တို့ လှည်းလမ်းအတိုင်း အလှူရှိတဲ့ရွာကို သွားကြတာပေါ့။ လမ်းရဲ့ တစ်နေရာမှာ ဘယ်လိုမှ ရှောင်ကွင်းသွားလို့ မရတဲ့ ရေဗွက်တစ်ခု ရှိတယ်။ အဲဒီရေဗွက်က သာမာန်သူ ခုန်ကျော်လျှင် ကျော်နိုင်လောက်တဲ့ အနေအထား လောက်ပေါ့။ ရေဗွက်ရဲ့အနီး (၃)လှမ်းလောက် အလိုမှာ လူရွယ်ကပြောတယ်။
လူရွယ်။ ။ အဖိုး ရှေ့မှာ ရေဗွက်ရှိတယ်။ နောက် (၂)လှမ်းလောက် ဆုတ်ပြီး အသ ကုန်သာ ခုန်လိုက်၊ အဲဒါဆိုရင် ရေဗွက်ကလွတ်မယ်။ အသကုန် မခုန်ဘူးဆိုရင် တော့ ရေဗွက်ထဲကျမယ်နော်။
လို့ ပြောသတဲ့။ အဲဒီအချိန်မှာ
အဖိုး။ ။ အေးငါရအောင် ခုန်ကြည့်ပါမယ်။ ငါခုန်နိုင်ပါသေးတယ်။ အေးဆေးပါ။
ဒီလိုနဲ့ လူရွယ်က ရေဗွက်ရဲ့ရှေ့(၅)လှမ်းလောက်အလိုမှာ နေရာယူခိုင်းသတဲ့။ အဖိုးကို ရှေ့ကို(၂)လှမ်းလောက် လှမ်းပြီးသာနဲ့ အသကုန်သာ ခုန်လိုက်တော့လို့ ပြောသတဲ့။ အဖိုးလည်း လူရွယ်ပြောတဲ့အတိုင်း ခုန်လိုက်တော့ ရေဗွက်ထဲကို တည့်ကျသွားပါလေရောတဲ့။
လူရွယ်က (၃)လှမ်းလောက် အလိုကနေ ခုန်ခိုင်းတော့ ရေဗွက်ထဲ ကျပြီပေါ့။
♥ မဏ္ဍိုင်
အပြည့်အစုံသို့
ပြန်ခေါက်ပေးနော်
တစ်ခါက ရွာတစ်ရွာမှာပေါ့။ နားမကြား၊ မျက်စေ့ ကောင်းကောင်းမမြင်ရတော့ တဲ့သူက သူငယ်ချင်း တစ်ယောက်ကို ဘုရာပွဲ အတူကြည့်ဖို့ အကူအညီတောင်း တယ်တဲ့။ အဲဘုရားပွဲကို နေကာမျက်မှန်ကြီးတပ် ရှိုးအပြည့်နဲ့ပေါ့။ အခြားသူ တွေလို့ ပဲကပေးချင်သေးတယ်။ ပွဲစတော့ သူငယ်ချင်းကိုပြောတယ်။
နားမကြားသူ။ ။သူငယ်ချင်း ငါကို ရယ်စရာရှိရင် လက်တို့ပေးကွာ.. ငါက ဘာမှမကြားရဘူး။
သူငယ်ချင်း။ ။အေးပါကွာ ငါပြောပါမယ် မင်းကလည်း။
ဇာတ်ပွဲကလည်း နာမည်ကျော်ဇာတ်။လူရွှင်တော်တွေ ပျက်လုံးကလည်း ကောင်းမှကောင်း၊ နောက်ပိုင်း ဇာတ်ထုတ်မင်းသမီကလည်း အငိုတော် တော်ပိုင်ဆိုပဲ။ ပွဲစလို့ ရယ်ရတဲ့ အခန်းတွေမှာ နားမကြားတဲ့သူကို လက်တို့ပေးဖို့ သူငယ်ချင်းလုပ်သူက မေ့နေတယ်တဲ့။ ဒါနဲ့ ဇာတ်ထုတ်က ရောက်လာရော။ ဇာတ်နာခန်းကို မင်းသမီးက ပိုင်နိုင်စွာ ငိုနေတဲ့ အချိန်ရောက်မှ သူငယ်ချင်းက နားမကြားတဲ့ သူကို လက်တို့လိုက်သတဲ့။ နားမကြားတဲ့ သူကလည်း အဲဒီအချိန်ကျမှ တစ်ယောက်ထဲ တစ်ဝါးဝါးနဲ့ ရယ်ပါလေရောတဲ့။ 
်♥ မဏ္ဍိုင်
အပြည့်အစုံသို့
ပြန်ခေါက်ပေးနော်
တစ်ခါက ရွာတစ်ရွာမှာ စကားအလွန်နည်းတဲ့ ကိုရင်သာတို့ ညားခါစ လင်မယား ရှိတယ်တဲ့။ စီးပွါးရေး အဆင်မပြေလို့ ယောင်္ကျားလုပ်သူက သူငယ်ချင်းတွေနဲ့ နယ်ထွက်ပြီး အလုပ်လုပ် ထွက်သွားရော။ သုံးလေးလ လောက်ရှိတော့ သူငယ် ချင်းတွေကတော့ ကိုယ်မိန်းမတွေဆီကို အလုပ်အဆင်ပြေတဲ့ အကြောင်းကို စာတွေရေးကြတာပေါ့။ ကိုရင်သာကတော့ အိမ်ကိုစာမရေးဘူး။ အဲဒါနဲ့ မိန်းမ လုပ်တဲ့ သူက သူယောင်္ကျားဆီကို စာရေးသတဲ့။ စာထဲမှာက
သို့/
ကိုရင်သာ…..
ရှင် ကျွန်မကှို သတိမှရပါသေးရဲ့လား ဟင်!
ငြိမ်းခင်..
ဆိုတာလေးပဲ ပါသတဲ့။ အဲဒါကို စကားနည်းတဲ့ ကိုရင်သာက မိန်းမဆီ စာပြန်လိုက် ပုံများ
သို့/
ငြိမ်းခင်…
အင်း!
ရင်သာ..
တဲ့။

♥ မဏ္ဍိုင်
အပြည့်အစုံသို့
ပြန်ခေါက်ပေးနော်
ကြည်ပြာရောင်ရဲ့ ဂုဏ်ပုဒ်က
ဓနဥစ္စာချမ်းသာခြင်းနဲ့ အင်အားကြီးမားခြင်းတဲ့
ခပ်တည်တည်သိမ်းပိုက်ပြီး
ထည်ဝါမှုအပြည့်နဲ့ ငြိမ်သက်နေလိုက်တာ
ဘယ်သူကိုမှ ဂရုမစိုက်သလို။
တစ်ခါတစ်လေ လေပြေလေးတွေက
တိမ်ဖြူတွေကို ကျီစယ်လို့
အပိုင်စားရသည့်အလား ဟိုဟိုဒီဒီ
ပြေးလွားနေလိုက်ကြတာ ကြည်နူးစရာ။
ရံဖန်ရံခါ လေနီကြမ်းရဲ့ဒဏ်ကို
တိမ်မည်းတွေက ရင်စီးခံလို့
ငိုကာယိုကာနဲ့ တပ်ဆုတ်လာလိုက်ကြတာ
သနားစရာ။
လူတွေကလည်း စိတ်ညစ်မှုတွေကို
ကောင်းကင်ဆီမှာ ကုစားကြတယ်
မျက်နှာအပ် အော်ဟစ်ရင်းနဲ့
သောကတွေကို လွှတ်ထုတ်လို့ပေါ့။
နေမင်းကြီးကတော့ အကြင်နာတရားမဲ့လိုက်တာ
ရက်ရက်စက်စက်နဲ့ ကောင်းကင်ကြီးကို
နေ့အခါ လောင်မြိုက်လို့။
ညနေချိန် ရောက်ရင်တော့
ကောင်းကင်ကြီးက နာကျင်နေလျှက်ပေါ့
ကြည်ပြာရောင်တောင် မဟုတ်တော့ဘူး
အနီရောင်သန်း ငြီးထွားလို့။
ရံဖန်ရံခါလည်း
လမင်းကြီးက ရွှန်းလဲ့တောက်ပလို့
ကြယ်ပေါင်းစုံနဲ့ အလှဆင်နေလိုက်ပုံများ
အံဩစရာ။
တစ်ခါတစ်လေတော့
ကောင်းကင်တစ်ခုလုံး အမှောင်အတိကျလို့
တိတ်ဆိတ်မဲမှောင်ပြီး အထီကျန်ဆန်နေလိုက်တာ
ခြောက်ခြားစရာ။
ဩော် ကောင်းကင်ကြီးမှာတောင်
သနားစရာတွေ ကြည်နူးခြင်းတွေ
သောက အပူလောင်မြိုက်မှုတွေ
အံဩစရာတွေ ငြီးထွားခြင်းတွေ
… တွေနဲ့ပါလား
အင်အားကြီးမားခြင်းဆိုတဲ့ ဂုဏ်ပုဒ်က
ဒါတွေကိုပဲ ရည်ရွယ်ခဲ့လေလား မသိ။ ♥ မဏ္ဍိုင်
အပြည့်အစုံသို့
ပြန်ခေါက်ပေးနော်