ပေးဆပ်မှုတွေ
စွန့်လွှတ်မှုတွေ
အနစ်နာခံမှုတွေ
အရှိန်အဟုန်နဲ့ တစ်ရစပ်စီဆင်းလို့။
တုန့်ပြန်မှုဆိုတာ
ဘယ်သောင်ပြင်မှာ ငိုက်မြည်းနေလဲ။
ညီမျှအောင် တုန့်ပြန်မှု့ မပေးနိုင်ရင်နေပါ
အမည်နာမ တပ်ခွင့်ရှိအောင်တော့
မှ နွေးထွေးစွာ ကြိုဆိုပါတယ်ဗျာ
ပမာခိုင်းလျှင် တော်လေးဝနှင့် နီးစပ်နိုင်သည့် မာနသခင် အရှင်မရယ်၊ ပင်ကိုမူလ မွေးဖွား၍လား ရေမြေတွေက ပြောင်းလဲ၍လား တွေးတောရင်မှာ မရခဲ့ပြီ၊ အကျွန်ုပ်ရင်ဝယ် ပင်မြင့်စံပန်း ဖြစ်သော်ငြားလည်း ယှဉ်ပြိုင်သူရှား လှပပါလျှက် မာနဂုဏ်မာန် ထည်ဝါလေတော့ ယူချိုးစံမြန်း မ၀ံ့ခဲ့ပြီ၊ သို့သော်ငြားလည်း နှိမ့်ချခူးသူ ရှိခဲ့ပါမူ ဖိုးမဲ့မြေခ မဖြစ်ရအောင် ကာကွယ်နိုင်ရေး စဉ်မြဲတွေး၍ စောက်ရှောက်ဦးမည် ထာဝစဉ်။
♥ မဏ္ဍိုင်
လွင့်မျောဆဲပေါ့ အသင် မျှော်လင့်ခြင်းဆိုတဲ့ ပန်းတိုင် ရောင်နီပြလိမ့် နိုးနိုးနဲ့ပေါ့။ လွင့်မျောရင်းနဲ့ စိတ်ညစ်မှုတွေ ကြုံလာတဲ့အခါ ခေါ်သူမဲ့နေလည်း အတွေ့အကြုံဆိုတဲ့ စကားလုံးက အဖော်မွန်ဖြစ်နဲ့ပေါ့ အသင်။ တကယ်တော့ ဘ၀ဆိုတာ သူ့အလာ မျှော်နေရတဲ့ Chatroom လေးမှ မဟုတ်တာ ဆက်ရွှေ့ လွင့်မျောဆဲပေါ့…။
♥ မင်းခောတ်
| » မူလသို့ | » ကဗျာ | » ဟိုဟို ဒီဒီ | » ဟာသ |
ပေးဆပ်မှုတွေ
စွန့်လွှတ်မှုတွေ
အနစ်နာခံမှုတွေ
အရှိန်အဟုန်နဲ့ တစ်ရစပ်စီဆင်းလို့။
တုန့်ပြန်မှုဆိုတာ
ဘယ်သောင်ပြင်မှာ ငိုက်မြည်းနေလဲ။
ညီမျှအောင် တုန့်ပြန်မှု့ မပေးနိုင်ရင်နေပါ
အမည်နာမ တပ်ခွင့်ရှိအောင်တော့
ရှောက်ဖောသူ မဏ္ဍိုင်ကြီး at 2:23 AM 0 စာဖတ်သူက ဆိုတယ်
တူရာစာစဉ် ကဗျာ
မြန်မြန်လေး ကျနေတာပဲလေ
ဒါပေမယ့်
ရင်ထဲမှာတော့ မိုးရွာပြီးကာစ
ရာသီဥတု မကောင်းသလို။
‘လေး’ ကိုသတိရရင်
မျက်စိမှိတ် အသက်အောင့်ပြီး
လေးလံထိုင်းမှိုင်းနေတဲ့ သူတစ်ယောက်ပါ
ငါအမြတ်တနိုးခေါ်ခဲ့တဲ့
နာမည်လေးက ‘လေး’ တဲ့။
‘လေး’ …. တရ်
ငါတွေးမိတာ တစ်ခုက
နှင်းလေးတွေက
‘မိုးစက်လေး’တွေ ဖြစ်သွားရင်
ဘယ်လောက်ကောင်း မလဲနော်'...' ။ ♥ နိုင်ဟိန်း
ရှောက်ဖောသူ မဏ္ဍိုင်ကြီး at 11:58 PM 1 စာဖတ်သူက ဆိုတယ်
တူရာစာစဉ် ကဗျာ
လွမ်းသူ
လွမ်းလိုက်တာ…ရ်
အလွမ်းများ ငြိမ်းစေသတည်းလို့
တောင်းဆုပြုချင်တရ်![]()
ငြိမ်းစေအလွမ်း
ရင်၌ဖြစ်တည်
တောင်းဆုပြုချင်
အလွမ်းများငြိမ်းစေ
စိတ်၌ဖြစ်တည် ထိုအလွမ်းကို
တောင်းဆုမပြု
ကြိတ်မှိတ်နေ၍
သူမမြင်လည်း… သူသိနေရင်
ကြည့်နူးတယ်♥♥♥♥♥ok!!!!!
♥ နိုင်ဟိန်း
ရှောက်ဖောသူ မဏ္ဍိုင်ကြီး at 11:23 PM 0 စာဖတ်သူက ဆိုတယ်
တူရာစာစဉ် ကဗျာ
နာရီလက်တံကတော့ ရက်လနှစ်တွေကို
အချိန်မှန်မှန် ၀ါးမျိုနေတုန်း
မင်းဖြတ်သန်းခဲ့တဲ့ မင်္ဂလာနေ့သစ်တွေ
ဒိုင်ယာရီထဲမှာ ဟောင်းနွမ်းလို့
ရက်(၂၀)ရှိခဲ့ပြီ၊
ခလုပ်တိုက်ခဲ့တဲ့ အိပ်မက်ဆိုးတွေ
လေနှင်ရာလွင့်ခဲ့ရတဲ့ တိမ်တိုက်လေးလို
မင်းနင်းဖြတ်ခဲ့တဲ့ အရာအားလုံး
ဒိုင်ယာရီထဲမှာပဲ နေရာပေးခဲ့တာ မလား?
တစ်နှစ်တာရဲ့ရောယှက်နေတဲ့ ကောင်းဆိုးတွေ
ဖြူလွှလွှစက္ကူထဲမှာ မင်းစိတ်ကြိုက်နေရာပေးလို့ ရသေးတယ်။
လင်းအာရုံကတော့ ကံကောင်းခြင်းတွေ ယူဆောင်လို့
‘Happy Birthday’ တဲ့
မင်းရဲ့ (၂၁)နှစ်ပြည့်မွေးနေ့ကို ကြိုဆိုလို့။
နှစ်မြောက်မြားစွာ သင်းပျံ့လှပနိုင်ဖို့
ကြယ်လေးတစ်ပွင့်လို အမှောင်ကိုခွင်း
လောကအလယ် လင်းလက်နေဖို့
ကိုယ် ဆုတောင်းတယ်။
‘Happy Birthday’ ပါ
ပျော်ရွှင်ကြည်နူးခြင်းတွေနဲ့အတူ
အေးချမ်းသာယာမှုတွေ ခိုလှုံနေတဲ့ ဒီလိုနေ့သစ်တွေ
ထာဝရ သိမ်းဆည်းနိုင်ပါစေ။
မှတ်ချက်။ ။မွေးနေ့ ဆုတောင်းလေးပါ။ ♥ မဏ္ဍိုင်
ရှောက်ဖောသူ မဏ္ဍိုင်ကြီး at 9:57 PM 0 စာဖတ်သူက ဆိုတယ်
တူရာစာစဉ် ကဗျာ
ရှောက်ဖောသူ မဏ္ဍိုင်ကြီး at 10:22 PM 1 စာဖတ်သူက ဆိုတယ်
တူရာစာစဉ် ဟိုဟိုဒီဒီ
တစ်ပူပေါ် တစ်ပူဆင့်
အကြွေးတွေ ၀ိုင်းဝိုင်းရံ
တစ်ယောက်ပြီးပြန်တော့
နောက်တစ်ယောက် ကျန်ပေသမို့
ဖန်ဖန်လေ အားအင်တင်းကာ
ထပ်ဆပ်ရပြန်။
ခါတစ်လေ တစ်ကယ်နွမ်းတာကြောင့်
တော်ပါပြီ ထပ်မချေးချင်ဘူး
ရပ်တန်းက ရပ်မယ့်ကြံ
အမှန်တော့ ဖြစ်နိုင်ပါမလား။
စ(ချေး)ခဲ့မိပါ၍
တစ်နေ့တော့ ကျေရာရောက်နိုင်ရဲ့
နောက်(next)လစာကို အာရုံဆင်လို့
မျက်နှာပြင် ထပ်ယူလိုက်စမ်းပါ
လာအုံးဟဲ့ အကြွေး။
ရှောက်ဖောသူ မဏ္ဍိုင်ကြီး at 12:03 PM 2 စာဖတ်သူက ဆိုတယ်
တူရာစာစဉ် ဟာသ
လို့ ပြောသတဲ့။ အဲဒါကို နားလေးရှာတဲ့ ကိုညီမောင်က သူကို ဆဲရကောင်းလား ဆိုပြီး ထရိုက်ပစ်လိုက်ရော်တဲ့။ ဟီး ![]()
![]()
ရှောက်ဖောသူ မဏ္ဍိုင်ကြီး at 4:17 PM 1 စာဖတ်သူက ဆိုတယ်
တူရာစာစဉ် ဟာသ
ဟေ့ မြန်မာဟာ မြန်မာပဲ။ မြန်မာဟာ မြန်မာပြည်မှာ နေရမယ်။ မြန်မာပြည်မှာ သေရမယ်။ အကြောင်း အမျိုးမျိုးကြောင့် ရေခြားမြေခြားကို ရောက်နေရပေမယ့် တစ်နေ့မှာ မြန်မာပြည်ကိုပြန်ရမယ်။ အခွင့်အရေး တစ်စုံတစ်ရာကြောင့် နိုင်ငံခြားသားလုပ်ဖို့ ဘယ်တော့မှ စိတ်မကူးလေနဲ့။ ♥ ဦးသန့်
တောင်စွယ်မြင့်မား မှိုင်းညိုဆွေ့ဆွေ့ မိုးထစ်ချူန်းလဲ ပန်းတိုင်ရောင်နီ ပြလိမ့်နိုးနဲ့ နေ့ဆိုမိုးကာ ညဆိုအိပ်ယာခင်း ကျောအိတ်ခေါင်းအုံး စောင်ပါးခြုံလဲ မောင်စိတ်စဉ်ဝယ် မေကိုတမ်းတ လွမ်းခြင်းရင်၌ မဖြေသာ။ ဟေမာန်ဆောင်းဦး မြူနှင်းကြားဝယ် လေရှူးတိုးဝှေ့ အနွေးစွယ်တာ ၀တ်ဆင်ထားလဲ နောက်တန်းကျန်နေ စုလျားရစ်ပတ် မောင်ချစ်မေကို ရက်စဉ်နေဆက် တသသနှင့် ရတတ်မအေး ပူဆွေးလွမ်းဆွတ် နွေဂိမာန်လို လွမ်းခြင်းရင်၌ ပြင်းထန်စေဧ။် ။ ♥ မင်းခေတ်