အော် သင်္ကြန်ရေ
တချို့တွေအတွက်တော့ ပျော်ရွှင်စရာတွေ
တချို့တွေက လွမ်းမောစရာတွေ
တချို့တွေက အမှတ်တရတခုခုပေါ့
အမြဲပေးလေ့ရှိတက်တယ်။
ငယ်သူတွေ အတွက်တော့
ကြီးသူကိုကန်တော့
တပည့်တွေက
ဆရာတွေကိုကန်တော့
သားသမီးက မိဘကို
ကုသိုလ်လုပ်ပေးကြတာပေါ့
ငါလည်း ဒီအတိုင်းပဲ
ဟိုအရင်ကလုပ်ပေးခဲ့တယ်။
အခုတော့
သင်္ကြန်ဟာ ငါအတွက်
ခြောက်သွေ့ ငြိမ်သက်ခြင်းတွေကိုပဲ
ယူပေးခဲ့တယ်။
ငါသိထားတဲ့ သင်္ကြန်က
အရမ်းပျော်ရွှင်စရာကောင်းတယ်
တစ်ယောက်နဲ့ တစ်ယောက်ရေးကစားကြ
မုန့်တွေလု စားကြပေါ့
စိတ်မဆိုးကြပဲ
နှစ်ဟောင်းက အညစ်အကြေးတွေကို
စွန့်ပစ်ကြတယ်။
အခုအဲဒီပျော်ရွှင်စရာတွေ
တစ်ခုမှ ငါ့အနားမှာ မရှိဘူး
အားလုံးကပဲ ခေတ္တယာယီ
ငါကို ကျောခိုင်းသွားတာလား?
ငါကပဲ ကျောခိုင်းခဲ့တာလား?
ငါမတွေးတက်တော့ဘူး။
သေချာတာတစ်ခုတော့ရှိတယ်
သင်္ကြန်ရဲ့ခြောက်သွေ့ခြင်းတွေက
ငါကိုလှောင်နေကြတယ်
ဘယ်မှာလဲ
♥ မဏ္ဍိုင်
» မူလသို့ | » ကဗျာ | » ဟိုဟို ဒီဒီ | » ဟာသ |
Saturday, April 12, 2008
ကျွန်တော်နဲ့ သင်္ကြန်
Subscribe to:
Post Comments (Atom)
0 စာဖတ်သူက ဆိုတယ်:
Post a Comment