တစ်ခါတလေ သူ့ကြောင်းတွေးရင် မှတ်ချက်။ ။ချစ်အန်တီ…ထာဝရပျော်ရွှင်နိုင်ပါစေ...။ ♥ မင်းခေတ်
နေဆယ်စင်းလား ပူပြင်းသောက
ရောက်မိသော်လည်း သူ့စိတ်တွင်မူ
မိနှင့်ဖရေး မျှော်ကာတွေးရင်း
မောင်တစ်ထမ်း မယ်တစ်ရွက်ဆိုတဲ
ရှေးရိုးစကား ပယ်လေလားမသိ
အားမာန်ပြည့်နှင့်
လောကအလယ် ရင်ဘောင်တန်းလို့
ငြူစူငြီးငွေ့ အလျင်းမရှိ
မွေးကျေးဇူးကို ပေးဆပ်နေသည့်
သူမျက်နှာမှု ပြစ်မျိုးမှတ်မထင်
ကြည်လင်လန်းဆန်း တက်ကြွလျက်
မြင်ရသူဒက်ထိ ရင်အေးစေ၏။
သို့လဲတဖန်
ချစ်လှစွာသော တူသားသမီးများကို
မိဘနှင့်မခြား ရင်ဝယ်အုပ်လျက်
ဖြူစင်မေတ္တာ ကြင်နာပေးသည့်
သူ့စိတ်ထားက အနှိုင်းမဲ့၏။
» မူလသို့ | » ကဗျာ | » ဟိုဟို ဒီဒီ | » ဟာသ |
Wednesday, April 23, 2008
အနှိုင်းမဲ့
Subscribe to:
Post Comments (Atom)
0 စာဖတ်သူက ဆိုတယ်:
Post a Comment