အားငယ်သူ အားပေးပါ

Wednesday, April 23, 2008

မာယာမျက်နှာဖုံး

မျှော်လင့်ခြင်းနဲ့ ရှင်ရတဲ့
လောကကြီးမှာ
မင်းရဲ့ ”ချစ်စစ်”ကို မျှော်လင့်မိတာ
အပြစ်လား ချစ်သူ။

မင်းရဲ့ အပြုံးတု
အယောင်ဆောင် “talking”တွေကြားမှာ
ငါဟာချစ်ရဲ့ ကျေးကျွန်ဖြစ်နေပြီးလား ချစ်သူ။

တကယ်တော့ ငါဟာ
မင်းရဲ့ မာယာမျက်နှာဖုံးနောက်က
မာတိကာမှ မဖတ်မိခဲ့ဘဲ ချစ်သူ။

မင်းကတော့ မာတိကာရဲ့ 
စာမျက်နှာအတိုင်း မင်းရဲ့အပြုံးတု
အယောင်ဆောင်”talking”တွေနဲ့ဘဲ
ကျေနပ်နေဆဲပေါ့…..ချစ်သူ။ ♥ မင်းခေတ်

0 စာဖတ်သူက ဆိုတယ်: