အားငယ်သူ အားပေးပါ

Saturday, April 12, 2008

ငါ နဲ့ ငါ့အကျင့်

တိမ်တိုက်တိုင်းမှာ ငွေအနားကွပ်လေး
တစ်ခုစီရှိသလို
လူတိုင်းမှာလည်း ကောင်းကွက်တစ်ခုစီ
ရှိကြတယ် တဲ့။

အော် ဒါပေမယ့်
ငါမှာတော့
ပြောင်းပြန်ဖြစ်နေပြီလား?
ငြီးငြူခြင်းတွေကို ဘယ်သောအခါမှ
မကြားချင်သော ငါ၊
ဘူး(မသိဘူး)တစ်လုံးကို တစ်ခါတစ်လေ
ပျင်းရိချင်းနဲ့တွဲပြီး
အိပ်ကပ်ထဲမှာ ထည့်ထားတက်တဲ့ ငါ။

မာနဆိုတဲ့ စကားလုံးရဲ့
အဓိပ္ပါယ်ကို အခုအထိ
နားမလည်သေးတဲ့ ငါ၊
နောက်ပြောင်ကျီစယ် ရတာကို
မိခင်နို့ရည်ကဲ့သို့
ချစ်မြတ်နိုးတက်တဲ့ ငါ။

အများသူငှာရဲ့
မသင်္ကာ အကြည့်တွေကို
သေမလောက်ကြောက်တက်တဲ့ ငါ၊
အများသူငှာရဲ့
လက်ညှိုးနဲ့ အပြောကို
မစင်ကဲ့သို့ ရွံရှာတက်တဲ့ ငါ။

အရာတစ်ခုကို စိတ်ဝင်စားလျှင်
မဆိုင်းမတွ ထလုပ်တက်တဲ့ ငါ၊
ငါ့အပေါ် ကောက်ကျစ်မှုတစ်ခု
ပြုလုပ်သူအား
ရင်ထဲ သိမ်းထားတက်တဲ့ ငါ။

……
….. …..
…… ငါ။

သူငယ်ချင်း
ငါကိုပစ်စလက်ခက် ဝေဖန်ပစ်ဆန်းပါ
ဘာပဲဖြစ်ဖြစ် ငါမှာ
အနာအဆာပါတဲ့ ကောင်းကွက်လေးတစ်ခု
ရှိရင်ပဲ ငါကျေနပ်ပါတယ်။

♥ မဏ္ဍိုင်

0 စာဖတ်သူက ဆိုတယ်: