နေ့နဲ့ညရဲ့ အချိန်မှန်လည်ပါတ်မှုကြားမှာ
တို့တစ်တွေ ကိုယ့်ဇာတ်ထုတ်ကို
ကိုယ် တင်ဆက်ရင်း
မမျှော်လင့်ပဲ လမ်းခုလတ်မှာ
ခဏ တွေ့ကြပြီပေါ့။
ပြုခဲ့ဘူးတဲ့ အတိတ်က
ကုသုလ်ကံကပဲ
အချိန်နဲ့နေရာ တွက်ချက်ပြီး
တို့တစ်တွေ ဆုံဆည်းဖို့
ကံကြမ္မာတရားကို
စေခိုင်းလိုက်လေလား မသိ။
နေရာပေါင်းစုံက နေပြီး
ခါးသည်းခြင်းတွေကို ဘေးမှာလွယ်
ကိုယ်စီ မျှော်လင့်ချက်တွေနဲ့
တို့တစ်တွေ လျှောက်နေကြတာပဲလေ။
အချိုးအကွေ့လေးမှာ ဆုံရပေမယ့်
တို့တစ်တွေရဲ့ ရင်းနှီးချစ်ခင်မှုက
မိခင် တစ်ဦးထဲကပဲ
မွေးဖွားပေးလိုက်သည့် အလား
မြင်တွေ့သူတိုင်း ကျေနပ်စရာပါပဲ။
စိတ်ညစ်မှုတွေနဲ့ အားငယ်မှုတွေဆိုရင်
ခွဲဝေယူတက်ပြီး
ယိမ်းယိုင်နေတဲ့ ဦးတည်ချက်တွေကို
တို့တစ်တွေရဲ့ ခင်မင်ရင်းနှီးမှုနဲ့ပဲ
တည့်မက်ပေးကြတယ်။
အောင်မြင်မှုတွေကို
လက်ကမ်း ကြိုဆိုတက်ပြီး
ရှုံးနိမ့်ခြင်းတွေ လက်ခံရရှိသူကိုလည်း
ဥပေက္ခာ ပြုထားဖို့
တို့တစ်တွေရဲ့ အသည်းနှလုံးတွေက
မမာကြဘူးလေ။
အဲ အချိန်တန်လို့
ခွဲခွါရတော့မယ် ဆိုရင်လည်း
ပြည့်နှက်နေတဲ့
ဝမ်းနည်း ကြေကွဲမှုတွေကြားက
လက်ပြချိန်မှာတော့ အပြုံးတစ်ချက်နဲ့
နှုတ်ဆက်ကြတာပါပဲ။
အခြေအနေတွေ နေရာတွေ
အချိန်တွေ ကုန်ဆုံးပြောင်းလဲပေမယ့်
တို့တစ်တွေ ရင်ထဲက
သူငယ်ချင်း ဆိုတာကတော့
ပင်ကိုယ်အတိုင်း တည်ရှိနေလိမ့်မယ်လို့
မျှော်လင့်လျှက်…။
0 စာဖတ်သူက ဆိုတယ်:
Post a Comment