အားငယ်သူ အားပေးပါ

Tuesday, April 15, 2008

ဦးတည်ရာမဲ့ အလွမ်း

ရင်ဘတ်ထဲမှာ မရှိသော
ခေါင်းစဉ်တပ်မရတဲ့ အတွေးတွေနဲ့

အားကျမခံ ဦးတည်ရာမဲ့

လွမ်းကြည့်နေမိတယ်။


လမိုက်ည သန်ခေါင်းယံ

တစ်လုံးတည်းသာ လင်းလတ်ရတဲ့

ကြယ်ရဲ့ အားငယ်မှုမျိုးနဲ့

ငါ့ရဲ့ အလွမ်းတွေက

ကစဉ့်ကလျား။


ဟိုးရှေး ဘ၀အဆက်ဆက်
သံသရာမှာ မတွေ့ဆုံခဲ့ဘူးတဲ့
ငါရဲ့ချစ်သူ မဟုတ်သော
အလှနတ်သမီးကိုပဲ
ဗီးနပ်စ်သခင်မက လွမ်းခိုင်းသလိုလို။

ဘ၀တစ်ကွေ့မှာ ခဏတာတွေ့ခဲ့ရတဲ့
မျက်နာပိုး မသေသော
ပေကြောင်ကြောင်
ကောင်မလေး တစ်ယောက်ကိုပဲ
မျက်စေ့လည် ၀င်ရောက်လာတဲ့
အတွေးတစ်စထဲက နေပြီး
ဆွဲယူ လွမ်းနေသလိုလို။

အတိတ်က နေခဲ့ဘူးတဲ့
နွမ်းလျှလျှ ခရမ်းချဉ်သီးရဲ့
အရောင်မျှသာ အလင်းရောင်ပေးသော
အဖော်မရှိသော မီးသီးနဲ့
တိတ်ဆိတ်ငြိမ်သက်တဲ့ အခန်းကျဉ်းလေးကိုပဲ
ပြေးလွမ်းနေသလိုလို။

ဟိုအရင်က သောက်ခဲ့ဘူးတဲ့
အချောမဟုတ်သော ဖတ်ကြမ်းဆေးလိပ်တိုနဲ့
သူနှင့် လိုက်ဖက်ညီစွာရှိခဲ့တဲ့
အာမီရမ်ကိုပဲ ပြေးလွမ်းနေသလိုလို။

အိုးအက်နေတဲ့ ဂစ်တာရဲ့
ိုဟောင်းနွမ်းခြင်းတွေ ပေါင်းစပ်ပြီး
မညီညာတဲ့ သံစဉ်တွေနဲ့
ထစ်ငေါ့စွာ သီချင်းသီဆိုတက်တဲ့
သူငယ်ချင်းကိုပဲ ပြေးလွမ်းနေသလိုလို။

ကောင်းအတူ ဆိုးမတူနေခဲ့ဘူးပြီး
လိုလျှင်ခေါ်
မလိုလျှင်ခေါက်ထားတက်တဲ့
ပေကတ်ကတ် လူ့လွယ်အိတ်များကိုပဲ
ပြေးလွမ်းနေသလိုလို။

မလိုလျှင် အဝေးရောက်နေပြီး
ဗိုက်ဆာတဲ့အချိန် အလိုက်သိစွာနဲ့
မုန့် လာလာရောင်းတက်သော
အနက်နုရောင် အသားအရေပိုင်ရှင်
ဘာဘူကလားကြီးကိုပဲ
ပြေးလွမ်းနေသလိုလို။

ဆည်းဆာအလှကို ခံစားရင်း
ဟိုအရင်က တို့တွေထိုင်ခဲ့ဘူးသော
လမ်းလေးခွဆုံက
ထိုင်ခုံပုလေးနဲ့ လက္ဘက်ရည်ဆိုင်ကိုပဲ
ပြေးလွမ်းနေသလိုလို။

ငါတစ်ယေက်တည်း
အိပ်မပျော်တဲ့ ညတွေကိုပိုင်စိုးရင်း
အခုတော့
အကြမ်းမဟုတ်သော ဆေးလိပ်ကို
ပျင်းရိစွာ ဖွာရှိုက်ရင်း

ဂယောင်ချောက်ချား
လွမ်းဆွေးနေမိတယ်။

♥ မဏ္ဍိုင်

0 စာဖတ်သူက ဆိုတယ်: