အားငယ်သူ အားပေးပါ

Sunday, April 27, 2008

ကံကြမ္မာ အရ

ဟိုအရင်က ငါလက်ကိုင်ထားခဲ့တယ်
ပျော်ရွှင်ခြင်းဆိုတာက ရောက်တဲ့နေရာ

လွမ်းမောခြင်းဆိုတာက အမေနဲ့အဖေ

တမ်းတခြင်းက အမေ့အိမ်

သတိရခြင်းက မတွေ့တာကြာတဲ့ သူငယ်ချင်းတွေ

အခုတော့ အဲဒါတွေအားလုံးကို

ညီမျှခြင်းရဲ့ တစ်ဖက်ကိုပို့လိုက်ပြီ
အနုတ်လက္ခဏာပြလို့...။

အခုငါ့ရင်မှာ နေရာအယူဆုံးက မင်း
အချစ်ရဲ့ ကျေးကျွန်ဖြစ်နေတာက ငါ
နားထောင်တဲ့ သီချင်းတွေက လွမ်းတေးသီချင်း
ငါရေးချတဲ့ အရာတွေက ကြေကွဲသံစဉ်
မှင်အနီရောင်နဲ့တောင် မခြယ်သဘူး
ငါ့ရင်ခုန်သံတွေ ရပ်တန့်သွားမှာစိုးလို့
အခုအဲဒါတွေ အားလုံးကို
ညီမျှခြင်းရဲ့ တစ်ဖက်ကို ပို့လို့မရဘူး
ကံကြမ္မာအရတဲ့...။

အပြံးလေးနဲ့ ဖဲ့ခြွေနိုင်သူက မင်း
မအူမလည်နဲ့ လမ်းဘေးအချိတ်ခံရတာ ငါ့နှလုံးသား
မျှော်လင့်ချက်နဲ့ အသက်ဆက်ရှင်မယ်ဆိုတာ
ယောင်ရမ်းသံစဉ်
အောင်နိုင်သူအပြံးနဲ့ ဘ၀င်ဟပ်နေတာက မင်း
ထားရက်ခဲ့တာတောင် အပြစ်မမြင်နိုင်ခဲ့တာက ငါ
မင်းမရှိတဲ့နေ့တွေ ခြောက်ကပ်တယ်ဆိုတာ လက်တွေ့
အခုအဲဒါတွေ အားလုံးကို
ညီမျှခြင်းရဲ့တစ်ဖက်ကို မပို့ချင်တော့ဘူး

ကံကြမ္မာအရလို့ ထပ်ပြောမှာပဲလေ။ မဏ္ဍိုင်

0 စာဖတ်သူက ဆိုတယ်: