တောင်တန်းပြာပြာ မြေနီလမ်းနှင့်
လှည့်ပါတ်စီးဆင်း မြစ်သံလွင်သံ
သံသာသာနှင့် နားဝင်ချိုလှ
မောရှမ်းမြေက ချစ်သူလေးထံ
ရည်မျှော်တမ်းတ လွမ်းရသော်လည်း
အဝေးမြေရောက် မောင်တစ်ယောက်မှာ
အဘယ်သို့မျှ မတက်နိုင်ရှာ။
ချစ်သူလေးဆီ စာလွှာပေးပို့
ပြောသော်ငြားလည်း ပြန်စာမလာ
တဖန်ဖုန်းဆက် ဆက်ပါသော်လည်း
အကြောင်းမထူး ငါရဲ့ဘဝ
မည်သို့ဆိုစေ။
ပန်းချယ်ရီနှင့် တောင်တန်းပြာတို့
တည်ရှိသရွေ့ ဆက်ချစ်နေမည်
မောင်ချစ်ကြောင်းကို မောရှမ်းဌာနေ
ချစ်သူသက်ထား သိပါစေ။ ♥ ရဲရင့်
1 စာဖတ်သူက ဆိုတယ်:
ကောင်းတယ် ... ကျွန်တော့် ဇနီး လည်း ရှမ်းမလေး :P
Post a Comment